Thursday, October 16, 2014

မော်လမြိုင်မြို့မှ အမျိုးသမီးသုံးဦး မလေးရှားနိုင်ငံသို့ လူကုန်ကူးခံရ

မော်လမြိုင် အောက်တိုဘာ ၁၅

မွန်ပြည်နယ် မော်လမြိုင်မြို့ ကွင်းရပ်ရပ်ကွက် အထက်လမ်းမကြီး နေ မ----(၂၄နှစ်)သည် မိမိအား မလေးရှားနိုင်ငံမှ ထမင်းဆိုင်တွင် သွားရောက်အလုပ်လုပ်ကိုင်လိုပါက တစ်လလျှင် ငွေကျပ်လေးသိန်းရမည် ဟု မော်လမြိုင်မြို့ မုပွန်ရပ်ကွက် (၃)လမ်းနေ ဒေါ်နီလာဝင်း(၃၄ နှစ်)နှင့် မုပွန်ရပ်ကွက် ပေါ်တော်မူကျောင်း လမ်းနေ ဒေါ်ညို(၄၅နှစ်)တို့က ပြောဆိုသဖြင့် သူငယ်ချင်းမ---နှင့် မ-----တို့ သုံးဦးတို့သည် သြဂုတ် ၁၈ ရက်တွင် ၄င်းတို့သုံးဦးကို ဒေါ်နီလာ ဝင်းနှင့်အတူ ကော့သောင်းမြို့မှ တစ်ဆင့် မလေးရှားနိုင်ငံ ကလန်းမြို့ ကံဘူဂျာဝါရပ်ကွက် တနင်္လာဈေးအနီးရှိ ဒေါ်နီလာဝင်း၏ခင်ပွန်းဖြစ်သူ ဦးစန်းယု၏နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၄င်းတို့သုံးဦးကို မလေးရှား နိုင်ငံတွင် ပြည့်တန်ဆာအဖြစ် ၁၂ ရက်ခန့် ခိုင်းစေခံရပြီးနောက် ၄င်း အလုပ်ကိုမလုပ်ချင်၍ မိတ်ဆွေ တစ်ဦး၏အကူအညီဖြင့် ပြန်လာခဲ့ကြောင်း၊ မ----မှာ ဒေါ်နီလာဝင်း၏နေအိမ်တွင်ကျန်ခဲ့ပြီး မ----မှာ ပီနန် ရှိ ၄င်း၏မိတ်ဆွေတစ်ဦး၏ နေအိမ် တွင်ကျန်ခဲ့ကြောင်း၊ ၄င်းတို့အား မလေးရှားနိုင်ငံရှိ ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်ရန် ပြောဆိုစည်းရုံးခဲ့ပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် စေခိုင်းခဲ့သူ ဒေါ်နီလာဝင်းနှင့် ဒေါ်ညိုတို့နှစ်ဦးကို ဥပဒေအရ အရေး ယူပေးပါရန် မ----က အောက်တိုဘာ ၁ဝ ရက် နံနက် ၁ဝ နာရီခွဲတွင် ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မုပွန်ရဲတပ်ဖွဲ့စခန်းမှ ဒေါ်ညိုနှင့် ဒေါ်နီလာဝင်းတို့နှစ်ဦးအပေါ် လူကုန် ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment