Friday, October 31, 2014

ဂျေရုဆလင်မှာ တင်းမာမှု ဖြစ်နေ

ဂျေရုဆလင်မြို့က ​ဂျူးဘာသာရေး ​ဆရာတစ်ဦးကို ​ပစ်ခတ်ခဲ့တယ်လို့ ​ယူဆရတဲ့ ​ပါလစ္စတိုင်းသား ​တစ်ဦးကို ​အစ္စရေးက ​ပြန်လည် ​ပစ်သတ်လိုက်တဲ့ အတွက် ​အခြေအနေ ​တင်းမာမှုတွေ ​အထွဋ်အထိပ် ​ရောက်ရှိနေပါတယ်။

ဂျူးဘာသာရေး ခေါင်းဆောင် ​တစ်ဦးဟာ ​အစ္စလာမ်သာမက ​ဂျူးတွေကပါ ​အထွဋ်အမြတ်ထားတဲ့ ​ဘာသာရေး ​မြေပြင်မှာ ​ဂျူးတွေ ​သွားရောက်ဖူးမျှော်ခွင့် ရှိတယ်ဆိုပြီး ​အမြဲတစေ ​လှုပ်ရှား ​ပြောဆို လာသူဖြစ်ပြီး ​မကြာသေးခင်တုန်းက ​ပစ်ခတ်ခံလိုက်ရ ပါတယ်။

ဒါပေမဲ့ ​အခုအချိန်မှာ ​ဒဏ်ရာက ​ပြင်းထန်နေပေမယ့် ​တည်ငြိမ်တဲ့ ​အခြေအနေရှိနေတယ်လို့ ​ဆိုပါတယ်။

ဂျူးဘာသာရေး ​ခေါင်းဆောင်ကို ​ပစ်ခတ်ခဲ့သူကို ​ရှာဖွေရင်း ​သံသယဖြစ်နေတဲ့ ​ပါလစ္စတိုင်းလူမျိုးကို ​ဂျူးစစ်သားတွေက ​ပစ်သတ်လိုက်ပါတယ်။

အဲဒီလို ​မတည်မငြိမ်မှုတွေကြောင့် ​နှစ်ဖက်စလုံးက ​အထွဋ်အမြတ်ထားတဲ့ ​နေရာကို ​အစ္စရေးက ​ပိတ်ချလိုက်ပြီး ​ဒီညမှ ​ပြန်ဖွင့်ပေးမယ်လို့ ​ပြောပါတယ်။

အစ္စရေးကတော့ ​ကြိုတင်ကာကွယ်တဲ့အနေနဲ့ ​သန့်ရှင်းတဲ့ ​မြေပြင်ကို ​မသွားနိုင်အောင် ​ပိတ်ပင်တာလို့ ​ပြောနေပေမယ့် ​ပါလစ္စတိုင်းဘက်ကတော့ ​ဒါဟာ ​စစ်ရေးကြေညာချက် ​ဖြစ်တယ်လို့ ​ပြောပါတယ်။

အခု ​သန့်ရှင်းရာ ​မြေပြင်လို့ ​သတ်မှတ်ထားတဲ့ ​နေရာဟာ ​တချိန်တုန်းက ​ဂျူးတွေရဲ့ ​ဘုရားကျောင်း ​တည်ရှိခဲ့ရာ ​မြေဖြစ်ပြီး ​အခုအခါမှာ ​အစ္စလာမ်တွေ ​အထွဋ်အမြတ်ထားတဲ့ ​ဗလီရှိနေတဲ့အတွက် ​အမြဲတမ်း ​အငြင်းပွားဖွယ်ရာ ​ဖြစ်နေတဲ့ ​နေရာလည်း ​ဖြစ်ပါတယ်။

ပါလစ္စတိုင်း အမျိုးသမီးတစ်ဦးက အစ္စရေး စစ်သားကို ဆဲဆိုနေစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment