Sunday, October 12, 2014

မဲသဝေါက စစ်ပြေးဒုက္ခသည် (၂၆၀)ကို ဒီနေ့ ထိုင်းဘက်ကပြန်ပို့

အောက်တိုဘာ - ၁၁ - ၂၀၁၄

လှိုင်းဘွဲမြို့ နယ်က မဲသဝေါဒေသမှာ မနေ့က ဒေသအခြေစိုက် မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ အဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွား ခဲ့တဲ့ အတွက် ဒေသခံရွာသား ၂၆၀ နယ်ခြား သောင်ရင်းမြစ်ကို ကူးပြီး ထိုင်းဘက်ခြမ်းကို တမ်းရှောင်လာကြပါတယ်။

ဒီနေ့မှာ မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေ မဖြစ်တော့တဲ့ အတွက် သူတို့ကို ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ခြမ်းကို ဒီနေ့မှာနှစ်သုတ်ခွဲပြီး ပြန်ပို့လိုက်ပါတယ်။

ပထမအသုတ် ၁၉၅ ဦးက ထိုင်းဘက်ခြမ်းက ၀ပ်မွန်းခွန်းကီလီ ထိုင်းဘုန်းတော်ကြီးကျောင်းမှာ ခိုလုံနေတဲ့သူတွေဖြစ်ပြီး ဒုတိယအသုတ်ကတော့ အခြားနေရာတွေမှာ ပြန့်ကျဲနေတဲ့သူတွေဖြစ်ပြီး အားလုံးပေါင်း ၂၆၀ ဦးဖြစ်ပါတယ်။

အကယ်၍ မြန်မာဘက်မှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ရင် ထိုင်းဘက်ကို မဖြစ်မနေလာရှောင်နေရအုံးမှာဖြစ်တယ်လို့ မဲသဝေါရွားသားတဦးဖြစ်တဲ့ နော်မူး ကဆိုပါတယ်။


ပုံစာ - ဒီနေ့ထိုင်းဘက်က ပြန်ပို့လိုက်တဲ့ စစ်ပြေးဓုက္ခသည်များ ။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment