Monday, October 13, 2014

အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်သူ အရေးယူ

နေပြည်တော်၊ အောက်တိုဘာ ၁၃

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဇီးတိုင်းကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်နေသည့် မxxx(ခ)xxx (၁၄)နှစ်သည် နေအိမ်သို့ပြန်မလာသဖြင့် မိခင်ဖြစ်သူဒေါ်xxxမှ လိုက်လံရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ အဆိုပါခြံရှိတဲအတွင်း၌ အုတ်တွင်းမြို့နယ်၊ ပဲကြီးခုံကျေးရွာနေ မောင်းဌေး(၄၃)နှစ်နှင့်အတူ သမီးဖြစ်သူအား တွေ့ရှိရသဖြင့်မေးမြန်းရာ မောင်ဌေးမှ ညနေပိုင်းလူပြတ်စဉ် တဲအတွင်းတွင် အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်းသိရှိရ၍ အရေးယူပေးရန်တိုင်တန်းသောကြောင့် မောင်ဌေးအား တောင်ငူမြို့မ ရဲစခန်း(ပ)၅၀၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment