ဟာဝိုင်အီကျွန်းပေါ်ရှိ ကီလူအာ မီးတောင်မှ ချော်ရည်ပူများ ကျဆင်းလာသည့်
အတွက် အနီးရှိ ကျေးရွာတစ်ရွာမှ ရွာသူရွာသားများကို ရွှေ့ပြောင်းရန်
အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ချော်ရည်ပူများ ကျဆင်းလာသည့် ဧရိယာသည် အကျယ်အားဖြင့် မီတာ ၁၄၀ (၄၅၉ ပေ)
ရှိပြီး တစ်နာရီ ၉ မီတာ (ပေ ၃၀) နှုန်းဖြင့် ကျဆင်းလာနေကြောင်း ဒေသန
္တရမီးတောင် စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မီးတောင်များသည် ဇွန်လကပင် စတင်ကျဆင်းလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်
အပျော်တမ်းရိုက်ကူးထားသည့် ဗီဒီယိုများတွင် ဖြည်းညင်းစွာ ရွေ့လျားလာနေသော
ချော်ရည်ပူများကိုလည်းကောင်း၊ ချော်ရည်ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်
အပင်များ မီးလောင် ကျွမ်းနေပုံကိုလည်းကောင်း တွေ့မြင်ရသည်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment