Wednesday, October 29, 2014

မြန်မာလူငယ်နှစ်ဦးအမှု ပြန်သုံးသပ်ပေးဖို့ ထိုင်းရှေ့နေချုပ်ရုံးကို တင်ပြ

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ခဲ့တဲ့ တရားခံ တွေဆိုပြီး ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီး ထားတဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး အမှုကို ထိုင်းနိုင်ငံ ဗဟို အစိုးရရှေ့နေရုံးက ပြန်လည် စဉ်းစား သုံးသပ်ပေးဖို့ မြန်မာသံရုံး အဖွဲ့က ဒီကနေ့ သူတို့နှစ်ဦးရဲ့ ထွက်ဆို ချက် တွေနဲ့ ပေးပို့ လိုက်ပါတယ်။

ဒီကနေ့ ပေးပို့တဲ့စာထဲမှာ တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာလူငယ်နှစ်ဦးက မိဘတွေအပြင် မြန်မာသံရုံးအဖွဲ့တို့နဲ့ တွေ့ဆုံစဉ်က သူတို့မသတ်ခဲ့ကြောင်း ငြင်းဆိုထားတဲ့ အထောက်အထားနဲ့တကွ တင်ပြထားတယ်လို့ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

"တရားခံဖြစ်တဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်း တို့ကို တွေ့ခဲ့တုန်းက သူတို့က ဒီမှုနဲ့ပတ်သက် ကျူးလွန်ပါဝင်ခြင်း မရှိဘူးဆိုတာကို အမေအဖေရှေ့မှာ ပြောခဲ့တာကို အားလုံအမှန်အတိုင်း လက်မှတ်ထိုးပြီးတော့ ဒီစာကို ဗဟိုအစိုးရရှေ့နေရုံးကို တင်ခဲ့တာပါ၊ သံရုံးအထူးအဖွဲ့ရှေ့မှာ ပြောပြချက်တွေ သူတို့ရဲ့ အမှန်အတိုင်း ထွက်ဆိုချက်တွေက ပါဝင်ပတ်သက်ခြင်းမရှိလို့ အမှုကို ပြန်လည်သုံးသပ် စဉ်းစားပေးဖို့ဆိုတဲ့သဘောလည်းပါပါတယ်"

မြန်မာလူငယ်နှစ်ဦးက ဗြိတိန်နိုင်ငံသားစုံတွဲကို သူတို့မသတ်ခဲ့ကြောင်း၊ ထိုင်းရဲတွေက နှိပ်စက်ပြီး ၀န်ခံခိုင်းခဲ့တာကြောင့် မိမိတို့သတ်တာပါလို့ ထွက်ဆိုခဲ့ရတာဖြစ်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က မိဘတွေအပြင် မြန်မာသံရုံးအဖွဲ့တို့နဲ့ တွေ့ဆုံစဉ် ပြန်လည်ပြင်ဆင်ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

တရားခံအဖြစ် ဝန်ခံထားတာကိုလည်း ပယ်ဖျက်ပေးဖို့ အမှုဖြစ်ခဲ့တဲ့ ကော့စမွီး ခရိုင်တရားရုံးကို ပြန်လည်တင်ပြထားတယ်လို့ ဆိုပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment