Friday, October 10, 2014

မာစတာစပေါ့လေလံရငွေ အလုပ်သမားများကို လျော်ကြေးပေးရန် ပြည့်မီ

တောင်ကိုရီးယားလူမျိုး အလုပ်ရှင် ထွက်ပြေးသွားပြီးနောက် အလုပ်သမား ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ မာစတာစပေါ့ ဖိနပ်စက်ရုံက ပစ္စည်းတွေကို အောက်တိုဘာ ၉ ရက်နေ့က လေလံတင်ရောင်းချခဲ့ရာမှာ ကျပ်ငွေ သိန်း ၂၉၀၀ ဖိုး နီးပါးရခဲ့ပါတယ်။
မာစတာစပေါ့ စက်ရုံ အလုပ်သမားများ ကိုရီးယားသံရုံးရှေ့တွင် ဆန္ဒပြနေစဉ် (ဇူလိုင် ၁၈ ရက် ၂၀၁၄)
မာစတာစပေါ့ စက်ရုံ အလုပ်သမားများ ကိုရီးယားသံရုံးရှေ့တွင် ဆန္ဒပြနေစဉ် (ဇူလိုင် ၁၈ ရက် ၂၀၁၄)
အဲဒီရရှိတဲ့ငွေငွေဟာ အလုပ်သမားတွေ ကို လျော်ကြေးပေး ဖို့ ပြည့်မီတယ်လို့ အလုပ်သမား ညွှန်ချုပ် ဦးဝင်းရှိန်က ပြောပါတယ်။
ဒီလေလံပွဲကို လုပ်ငန်းရှင် ၅၇ ယောက် လေလံ ဆွဲခဲ့တာဖြစ်ပါတယ်။
ရရှိခဲ့တဲ့ ငွေဟာ အလုပ်သမား ၇၀၀ ကျော်ကို ပေးရမယ့် ကျပ်ငွေ သိန်း ၂၁၀၀ ကျော်ထက် များနေတဲ့အတွက် လျော်ကြေးပေးရာမှာ အဆင်ပြေမယ်လို့ ဦးဝင်းရှိန်က ဆိုပါတယ်။
လေလံအောင်သူဟာ ဘဏ်ကို ၁ ပတ်အတွင်း ငွေသွင်းရမှာဖြစ်ပြီး နောက်ပိုင်း အလုပ်သမား ကိုယ်စားလှယ်တွေဆီကနေတဆင့် လျော်ကြေးတွေ ပေးသွားမယ်လို့ သိရပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment