Wednesday, October 8, 2014

အရက်မူးပြီး ရထားလမ်းပေါ်အိပ်ပျော်နေသူ ရထားကြိတ်၍သေဆုံး

ပဲခူး အောက်တိုဘာ ၈

ပဲခူးမြို့နယ်၌ အောက်တိုဘာ ၇ ရက်ညက ရထားသံလမ်းပေါ်တွင် အရက်မူးကာ အိပ်ပျော်နေသူ လူတစ်ဦး ရထားကြိတ်၍ သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ရထား သံလမ်းပေါ်တွင် ရထား ကြိတ်၍ လူတစ်ဦး သေဆုံး နေကြောင်း အောက်တိုဘာ ၇ ရက် ည ၁ဝ နာရီခွဲခန့်တွင် ပဲခူးမြို့နယ် ပျဉ်ပုံကြီး ကျေးရွာဘူတာရုံ ဒုတိယရုံပိုင် ဦးမျိုးမင်းထွန်းက ပဲခူးမြို့နယ် ဘုရားကြီးနယ်မြေ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြား ခဲ့ကြောင်း သိရသည်။

တာဝန်မှူး ဒုရဲအုပ်ဇာနည်စိုး နှင့်အဖွဲ့ သွားရောက် စစ်ဆေးရာ ရန်ကုန်- မန္တလေး အစုန် ရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ် (၆၄/၉) နှင့် (၆၄/၁ဝ) အကြားတွင် အရှေ့ဘက်ရထားလမ်းအား ခေါင်းပြု ၍အိပ်ပျော်နေသော ကျော်လွင်ဦး (၄၈)နှစ် အနောက်ပိုင်းရပ် ပျဉ်ပုံကြီး ကျေးရွာနေသူအား ပျဉ်ပုံဘူတာမှ ပဲခူးဘူတာသို့ မောင်းနှင်လာသည့် ကျောက်တင် အစုန်ရထား စက်ခေါင်းအမှတ် DF 1258 ဖြင့် ကြိတ်မိကာ ဦးခေါင်းပြတ်၊ ဝဲယာ ခြေသလုံးများပြတ်လျက် သေဆုံး နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဖော်ထုတ်ပေးပါရန် ဒုရဲအုပ်ဇာနည်စိုးက တိုင်ကြားလာ သဖြင့် ဘုရားကြီးနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/၂ဝ၁၄ ဖြင့် အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment