ခုချိန် အထိ ရောဂါပိုး ကူးစက် ခံရသူပေါင်း ၈၄၀ဝ လောက် တွေ့ရှိခဲ့ပြီး အများစုဟာ အနောက် အာဖရိက နိုင်ငံတွေက ချည်း ဖြစ်ပါတယ်။
ဒီထဲမှာ ဆေးဝန်ထမ်း ၂၀ဝ ကျော်လည်း ပါဝင် ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ တုန်း ကတော့ ဒီရောဂါဟာ အရင်က မကြုံဘူး မတွေ့ဘူးတာ မဟုတ်သလို ကပ်ရောဂါ တခုလည်း မဟုတ် ပါဘူးလို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုခဲ့ ပြီး အခုအခါမှာတော့ ဒီရောဂါကို တကမ္ဘာလုံး ဝိုင်းတိုက်ဖျက် ကြဖို့ လိုနေပြီလို့ ဆော်သြရတဲ့ အထိ ကူးစက်မှုက စိုးရိမ်စရာ ဖြစ်လာ ပါတယ်။
သေဆုံးမှုနှုန်း မြင့်မားတဲ့ အီဘိုလာ ရောဂါ ကူးစက်ခံရပြီ ဆိုရင်၊ ရုတ်တရက် ဖျားနာပြီး အားအင် ချိနဲ့တာ၊ ကြွက်သားတွေ နာကျင်တာ၊ လည်ချောင်းနာတာ စတဲ့ လက္ခဏာတွေ စပြီး ပြတတ် ပါတယ်။
နောက်တဆင့် မှာတော့ အော့အန် တာ၊ ဝမ်းသွားတာတွေ ဖြစ်လာပြီး၊ ခန္ဓာကိုယ် အတွင်းရော အပြင်မှာပါ သွေးယိုစီး မှုတွေလည်း ဖြစ်တတ်ပါတယ်။
ရောဂါပိုးရှိ တဲ့ချင်ပန်ဇီ၊ သစ်သီးစားလင်းနို့နဲ့ သမင်လို တိရိစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့ ရာကနေ ကူးစက်တတ်တဲ့ ဒီရောပိုးကို ၁၉၇၆ ခုနှစ်မှာ စတင်တွေ့ရှိ ခဲ့ပါတယ်။
နောက်ပိုင်း မှာတော့ လူအချင်းချင်း ကူးစက် လာပြီး၊ ပိုးရှိတဲ့ သွေး၊ ခန္ဓာကိုယ်က ထွက်တဲ့ အရည်၊ ဒါမှမဟုတ် ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို တိုက်ရိုက် ထိမိရင်၊ စွန်းထင်းနေတဲ့နေရာတွေနဲ့ ထိတွေ့မိရင် ကူးစက် နိုင်ပါတယ်။
ခုချိန်အထိတော့ ရောဂါ ကူးစက်မှုဟာ အနောက်အာဖရိက ဒေ သမှာသာ အဓိက ဖြစ်ပွား နေတာပါ။
ဒါပေမယ့် စပိန်နဲ့ အမေရိကန် ပြည်ထောင်စု တို့လို တခြား နိုင်ငံတွေ မှာလည်း ရောဂါ ကူးစက်မှု အနည်းငယ် တွေ့လာ ရတာမို့ တကမ္ဘာလုံး ပြန့်ပွားတဲ့ ကပ်ဆိုးကြီး ဖြစ်မလာအောင် တားဆီးဖို့ ကြိုးပမ်း နေကြတာ ဖြစ်ပါတယ်။
![]() |
| သေဆုံးသွားသူရဲ့ အလောင်းက တဆင့်လည်း ရောဂါ ကူးနိုင်ပါတယ် |

No comments:
Post a Comment