Friday, October 31, 2014

ဘီလူးချောင်းတွင်း မျောပါသေဆုံးနေသူ အလောင်းအား ရဲများဆယ်ယူစစ်ဆေး

ကယားပြည်နယ် လွိုင်ကော်မြို့ ဘီလူးချောင်းတွင် ရေမျော သေဆုံးနေသည့် အမျိုးသား တဦး၏ အလောင်းကို ရဲများမှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဆယ်ယူ စစ်ဆေးခဲ့သည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် လွိုင်ကော်မြို့ရှိ ကျောက်ပြား တံတား ပြုပြင်ခြင်း လုပ်ငန်းခွင်အနီးမှ ဘီလူးချောင်းကမ်းနား ခံနေသဖြင့် အလုပ်သမားများက ရဲစခန်းသို့ အကြောင်းကြား ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများ ဖြစ်သော ဆောက်လုပ်ရေး အလုပ်သမား တဦးက ပြောသည်။

သေဆုံးနေသူ၏ အလောင်းအား ရဲများက လွိုင်ကော်မြို့ ကန္ဒာရဝတီတံတားအနီးမှ သက်သေများဖြင့် ဆယ်ယူ စစ်ဆေးခဲ့ကြသည်။

သေဆုံးသူသည် အသက် ၄၀ ခန့် အသားညို ၊ အောက်ခံဘောင်းဘီသာပါရှိပြီး ဘီလူချောင်းမှ မျောလာသည်ဟု မျက်မြင်သက်သေများက ပြောသည်။ ရဲများမှ သေဆုံးသူ မည်သူမည်ဝါ ဆိုသည်ကို စုံစမ်းလျက်ရှိကြောင်း ရေနစ်သေခြင်းဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း သိရည်။

၎င်းအမှုကိစ္စနှင့်ပတ်သက်၍ ရဲများ၏ စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်မည့် သတင်းကို စုံစမ်းဆဲ ဖြစ်သည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment