Tuesday, October 14, 2014

ဖမ်းဆီးခံသတင်းထောက်နှင့်တွေ့ခွင့်မရလျှင် ဆန္ဒပြမည်

အောက်တိုဘာ - ၁၃ - ၂၀၁၄

မွန်ပြည်နယ်ကျိုက်မရောတွင် အဖမ်းခံထားရသည့် ဓာတ်ပုံသတင်းထောက် ကိုပါကြီးနှင့် တွေ့ခွင့်မပြုလျှင် ဆန္ဒထုတ်ဖော်မည်ဟု မွန်နှင့်ကရင်ပြည်နယ်မှ သတင်းထောက် အချို့ ပြောသည်။

ကိုပါကြီးသည် ယခင်လ ၂၉ ရက်နေ့က မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တပ်တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲသတင်းကို ရယူပြီးအပြန် ကျိုက်မရောမြို့ နယ် ရန်မျိုးအောင်ရပ်ကွက် စက်လမ်းဝတွင် နယ်ထိန်းရဲ၏ ဖမ်းဆီးမှုကိုခံရပြီး မြို့ မရဲစခန်းမှတဆင့် ခမရ (၂၀၈) တပ်သို့ လွှဲပြောင်းပေးလိုက်ရာမှ ယနေ့ထိပျောက်ဆုံးနေခြင်းဖြစ်သည်။

မွန်နှင့်ကရင်ပြည်နယ်မှ သတင်းထောက်အချိ့ က မွန်ပြည်နယ်အစိုးရ လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံ တွေ့ဆုံခွင့်တောင်းခံမည်ဖြစ်ပြီး တွေ့ဆုံခွင့်မရရှိပါက အမြန်ဆုံးဆန္ဒထုတ်ဖော်ကြမည်ဟု မွန်ပြည်နယ်မော်လမြိုင်အခြေစိုက် သတင်းထောက်တဦးက ကရင်အမျိုးသား(မီဒီယာ) သို့ ပြောကြားသည်။

လ၀က်နီးပါးကြာ ပျောက်ဆုံးနေကာ သေသည်ရှင်သည်မသိရသေးသည့် ဓာတ်ပုံသတင်းထောက်ကိုပါကြီး၏ ကံကြမ္မာနှင့်ပတ်သက်၍ ဆွေမျိုးသားချင်းက စိုးရိမ်ပူပန်လျှက်ရှိသည်။

ကိုပါကြီးသည် သုံးရောင်ခြယ်လူငယ်အဖွဲ့ဝင်တဦးဖြစ်ပြီး ယခင်ကဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူခဲ့သူဖြစ်သည်။



ဓာတ်ပုံ - ဓာတ်ပုံသတင်းထောက် ကိုပါကြီး ။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment