Thursday, October 16, 2014

ဆန္ဒပြသူကို ရိုက်တဲ့ကိစ္စ အစိုးရစုံစမ်းနေ

ဟောင်ကောင်မှာ ​ဆန္ဒပြနေတဲ့ ​ဆန္ဒပြ သမား တစ်ဦးကို ​ရဲတွေက ​လက်ထိပ်ခတ်ပြီး ​ရိုက်နှက်တယ်ဆိုတဲ့ ​စွပ်စွဲချက်တွေကြောင့် ​စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ​ဟောင်ကောင် အစိုးရက ​ညွန်ကြား ထားပါတယ်။

ဆန္ဒပြသမားတွေက ​လမ်းတွေ ​ပိတ်သွားအောင် ​ချထားတဲ့ ​အတားအဆီးတွေကို ​ရဲတွေက ​ဖယ်ရှားရင်း ​ဆန္ဒပြသူတွေနဲ့ ​ရဲတွေအကြား ​တင်းမာမှု ​ဖြစ်ခဲ့ပါတယ်။

အဲဒီလို ​ဖြစ်စဉ်ကို ​ရိုက်ကူးထားတဲ့ ​ဗီဒီယိုတစ်ခုမှာတော့ ​လက်ထိပ်ခတ်ခံနေရတဲ့ ​ဆန္ဒပြသူတစ်ဦးကို ​ရဲအုပ်စု ​တစ်စုက ​ဝိုင်းဝန်ကန်ပြီး ​ဆက်တိုက် ​ထိုးကြိတ်နေတဲ့ပုံကို ​တွေ့ခဲ့ရပြီး ​အင်တာနက်ပေါ်မှာ ​ဗီဒီယို ​အလျင်အမြန် ​ပျံ့နှံ့သွားပါတယ်။

ဆန္ဒပြသမားတစ်ဦးကို ​ရိုက်နှက်ရာမှာ ​ပါဝင်တဲ့ ​ရဲတွေကိုလည်း ​တာဝန်က ​ရပ်ဆိုင်းထားပြီလို့ ​သိရပါတယ်။

ဟောင်ကောင်အစိုးရကတော့ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဘက်လိုက်မှု ​မရှိပဲ ​စုံစမ်းစစ်ဆေးမှု ​လုပ်သွားမယ်လို့ ​ပြောပါတယ်။

တရားမဝင် ​ဆန္ဒပြမှုကြောင့် ​ဆန္ဒပြမှုမှာပါဝင်သူ ​၄၅ ​ဦးကိုလည်း ​ဖမ်းဆီးထားတယ်လို့ ​ဆိုပါတယ်။

ဟောင်ကောင်မြို့ရဲ့ ​အဓိကနေရာတွေကို ​ပိတ်ချပြီး ​ဆန္ဒပြမှုတွေ ​လုပ်ခဲ့တာ ​နှစ်ပါတ်ကျော် ​ကြာသွားပြီး ​အခုအခါမှာ ​ဆန္ဒပြဦးရေ ​နည်းပါးလာပေမယ့် ​ဆန္ဒပြမှုတွေ ​ဆက်လက်ရှိနေသေးတဲ့အကြောင်း ​အေဘီစီသတင်းထောက် ​Stephen ​McDonell ​က ​သတင်းပေးပို့ထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment