Thursday, October 16, 2014

ကျားအင်္ဂါနှစ်ခု၊ မအင်္ဂါတစ်ခု ပါဝင်သော ကလးငယ်တစ်ဦး ဂွဆေးရုံတွင် မွေးဖွား

ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ဆေးရုံတွင် ယောင်္ကျားအင်္ဂါ နှစ်ခု၊ မ အင်္ဂါတစ်ခု ပါဝင်သော ကလေးငယ် တစ်ဦးကို ယခုလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်ဟု သိရသည်။

ယင်းသို့ မွေးဖွားသည်ကို ဂွမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၂၅ မိနစ်မှာ မွေးတာပါ။ မိဖတွေကတော့ ဦးရဲပိုင်ထူးနဲ့ ဒေါ်ဝေေ၀မာတို့ ဖြစ်ကြပါတယ်။ နေရပ်ကတော့ ဂွမြို့နယ် ရဟိုင်း ကူးတို့ကျေးရွာအုပ်စု ကျောင်းကုန်း ကျေးရွာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကလေး၏ ကိုယ်အလေးချိန်မှာ ၇ ပေါင်ကျော်ရှိကြောင်း၊ ယခုအခါ ကလေးငယ်အား ဆေးကုသနိုင်ရေးအတွက် စစ်တွေရှိ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနသို့ အကြောင်းကြားတင်ပြထားသည်ဟု သူက ပြောသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment