Taxas ပြည်နယ် Dallas မြို့က ကလေးငယ် ၅ ဦးကို ကျောင်းမတက်စေပဲ ၂၁ ရက်ကြာ ကျန်းမာရေး အာ ဏာ ပိုင် တွေ က စောင့် ကြည့် မှာ ဖြစ်ပါတယ်။
အဲဒီ ကလေးငယ် ငါးဦးဟာ ကျောင်းလေးကျောင်းမှာ တက်ရောက်နေတဲ့ အတွက် တခြားကျောင်းသားတွေ အတွက်ပါ စိုးရိမ်နေကြပေမယ့် အဲဒီကလေးငယ်တွေမှာ ဘာမှ ထူးခြားမှု မတွေ့ရဘူးလို့ သိရပါတယ်။
အီဘိုလာ ရောဂါပိုး ကူးစက်ခံရသူကို ဆေးရုံတင်ပို့ခဲ့တဲ့ ကျန်းမာရေးလုပ်သား၁၈ ယောက်ထဲက ၁၂ ယောက်ကိုလည်း စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်နေပေမယ့် ခုချိန်ထိ ရောဂါကူးစက်တဲ့ လက္ခာဏာတွေ မရှိသေးဘူးလို့ သိရပါတယ်။
အီဘိုလာ ဝေဒနာ ခံစားရသူဟာ လိုင်ဘေးရီးယားကနေတဆင့် Brussels ကို ရောက်လာပြီး အဲဒီကနေတဆင့် အမေရိကန် နိုင်ငံကို ရောက်ရှိလာတာပါ။
အစပိုင်းမှာ ရိုးရိုးဖျားတယ်လို့ ယူဆတဲ့အတွက် ဆေးတွေပေးပြီး အိမ်ပြန်ခိုင်းခဲ့ပါတယ်။
လူနာကတော့ သူဟာ လိုင်ဘေးရီးယားနိုင်ငံကနေ မကြာခင်တုန်းကပဲ ပြန်ရောက်လာတာလို့ သူနာပြုကို ပြောပြခဲ့တဲ့ ကြားကပဲ သူ့ကို ဆက်စောင့်ကြည့်တာ မလုပ်ပဲ အိမ်ပြန်ပို့လိုက်တာပါ။
ဒါပေမဲ့ နောက်ပိုင်းမှာ အခြေအနေပိုဆိုးလာလို့ ဆေးရုံကို ပြန်လာတဲ့အခါမှာ အော့အန်မှုတွေ ဖြစ်ပြီးနောက် ထပ်မံ စစ်ဆေးရာက အီဘိုလာ ကူးစက်ခံနေရတာကို တွေ့ရှိခဲ့ပါတယ်။
ရောဂါပိုး တွေ့ရှိပြီးနောက် သူနဲ့ နီးစပ်သူ ကလေးတွေကိုပါ စောင့်ကြည့်မှု လုပ်နေသလို သူ့ကို ပြုစုခဲ့တဲ့ ကျန်းမာရေးလုပ်သားတွေကိုလည်း စောင့်ကြည့်နေပါတယ်။
![]() |
| Dallas မြို့ ဆေးရုံတစ်ခု (Credit: Reuters) |

No comments:
Post a Comment