Wednesday, October 8, 2014

အပြည့်အဝ လကြတ်ချိန် မြင်ရတဲ့ အနီရောင် လ

မြောက် အမေရိက၊ သြစတြေးလျနဲ့ အာရှတိုက် အရှေ့ပိုင်းက လူတွေဟာ နာရီ အတော်ကြာတဲ့ အပြည့်အဝ လကြတ်မှုကို တွေ့ခဲ့ရပြီး Blood Moon လို့ တင်စားတဲ့ အံ့မခန်းဖွယ် အနီရောင် ရှိတဲ့ လမင်းကို မြင်ခဲ့ ကြရပါတယ်။

အခုနှစ် အတွင်း ၂ကြိမ်မြောက် ဖြစ်တဲ့ လကြတ်ချိန်မှာ ကမ္ဘာရဲ့ တစ်ခုတည်းသော ဂြိုဟ်ရံလကို ကမ္ဘာကြီးရဲ့ အရိပ်က အပြည့်အဝ ဖုံးအုပ် သွားခဲ့ပါတယ်။

ကမ္ဘာ့ လေထုကို ဖြတ်သန်းသွားတဲ့ နေရဲ့ အလင်းက လပေါ် တပိုင်းတစ ကျရောက်ပြီး လိမ္မော်ရင့်ရောင်နဲ့ အနီရောင် ရှိတဲ့ လကို မြင်ကြရတာ ဖြစ်ပါတယ်။

ဥရောပ၊ အာဖရိကနဲ့ ဘရာဇီး အရှေ့ပိုင်းက လူတွေကတော့ ဒီရှုခင်းကို မမြင်ခဲ့ကြရပါဘူး။








ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment