Friday, October 10, 2014

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု မာလာလာ နှင့် ကိုင်လာ့ရှ် တို့ ရရှိ

၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပါကစ္စတန်နိုင်ငံက ခလေးပညာရေးလှုပ်ရှားသူ မာလာလာ ယူဆွတ်ဇိုင် (Malala Yousafzai နဲ့ အိန္ဒိယ ကလေးအခွင့်အရေးလှုပ်ရှားသူ ကိုင်လာ့ရှ် ဆက်တိုင်ရတီ (Kailash Satyarthi) တို့က ရရှိသွားကြပါတယ်။

မာလာလာဟာ နိုဘယ်လ်ဆုရချိန်မှာ အသက် ၁၇ နှစ်ပဲရှိသေးတာကြောင့် ကမ္ဘာ့အသက်အငယ် ဆုံး နိုဘယ်လ်ဆုရှင်ဖြစ်လာပါတယ်။

မာလာလာဟာ အမျိုးသမီးပညာရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားရင်း ၂၀၁၂ ခုနှစ်က တာလီဘန်အကြမ်းဖက်တွေက သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဗြိတိန်နိုင်ငံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဒဏ်ရာပြန်ကောင်းခဲ့တာပါ။

နိုဘယ်လ်ကော်မတီက အခုနှစ်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ကလေးသူငယ်အခွင့်အရေးအတွက် ရှေ့တန်းက တက်တက်ကြွကြွ ဆောင်ရွက်သူတွေကို ချီးမြှင့်ပေးအပ်တာလို့ ပြောဆိုပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နောက်တဦးဖြစ်တဲ့ ကိုင်လာ့ရှ် ဟာလည်း အိန္ဒိယနိုင်ငံမှာ ကလေးသူငယ်တွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့သူတဦးဖြစ်ပါတယ်။

အခုနှစ်ငြိမ်းချမ်းရေးနိုဘယ်လ်အတွက် အဆိုတင်သွင်းခံရသူ ၂၇၈ ဦးရှိခဲ့ပြီး ပုပ်ရဟန်းမင်းကြီး Francis နဲ့ ကွန်ဂိုနိုင်ငံက သားဖွားမီးယပ်ဆရာ Denis Mukwege တို့လည်း ပါဝင်ခဲ့ပါတယ်။


ကိုင်လာ့ရှ် နှင့် မာလာလာ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment