
အသက် ၃၂ နှစ်အရွယ်ရှိ ကာကာသည် လက်ရွေးစင် အသင်းနှင့် ၁၈ လကြာဝေး ကွာနေပြီးနောက် နည်းပြသစ်ဒွန်ဂါ၏ လက်ထက်တွင် ပထမဆုံးအကြိမ် ပြန် လည်ရွေးချယ်ခံရခြင်း ဖြစ်သည်။
“ကျွန်တော်ဟာ ၂၀၁၀ ကထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်လာပါပြီ။ ကြံ့ခိုင်မှုပိုင်း၊ နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်းတွေမှာ ပိုမိုတိုးတက်လာပါ တယ်။ ဒီအချိန်မှာ ကျွန်တော်ဟာ ကွင်းထဲမှာ ဖြစ်နေတဲ့ အခြေအနေကို ပိုပြီး နားလည်နိုင် စွမ်းရှိလာပါပြီ။ အတွေ့အကြုံ တွေလည်း ပိုရှိနေပါပြီ။ ဆာဆိုပေါ်လို အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့လို့ ခုလိုခေါ်ယူခံခဲ့ရတာပါ” ဟု ကာကာ က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လကတည်းက ဘရာဇီးအသင်းနှင့် ဝေးကွာနေခဲ့သည့် ကာကာက လာမည့် စနေနေ့တွင် အာဂျင်တီးနားနှင့် ကစားရမည့် ခြေစမ်း ပွဲစဉ်တွင် ပွဲထွက်ကစားခွင့်ရရှိရန် မျှော်လင့်လျက်ရှိသည်။ တရုတ်ပရိသတ်များ၏ကြိုဆိုပုံ အတွက် ၀မ်းမြောက်မိကြောင်းလည်း ကာကာက ပြောသည်။
“တရုတ်နိုင်ငံကို တတိယအကြိမ်မြောက် ရရှိတာပါ။ တစ်ကြိမ်က ရီးယဲလ်နဲ့ နောက်တစ်ကြိမ်ကတော့ အားလပ်ရက် အလည်လာတာပါ။ အကြိမ်တိုင်းဒီလိုကြိုဆို မှုတွေနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်က ပိုပြီး အံ့အားသင့်ဖို့ ကောင်းပါတယ်။ ဒီလောက်နွေးထွေး တဲ့ကြိုဆိုမှုမျိုးကို ကျွန်တော် မမျှော်လင့်ထားပါ ဘူး” ဟု ကာကာ က ပြောသည်။
No comments:
Post a Comment