Friday, October 3, 2014

မကွေးမြို့နယ်တွင် မကွေး-နတ်မောက်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ မီးသတ်သန္ဓေတပ်ဖွဲ့ဝင်များမှ ကယ်ဆယ်နိုင်ခဲ့

မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မကွေးမြို့တွင် ယနေ့ (၀၅း၄၀)အချိန်တွင် မကွေး-နတ်မောက် ကားလမ်းတွင် ယာဉ်မောင်း ထွန်းမင်းအောင် (၂၆)နှစ်၊ (ဘ) ဦးမိုးဆွေ နန်းတော်ကျွန်းကျေးရွာ မြိုင်မြို့နေသူ မောင်းနှင်လာသည့် (Misubishe Fuso) အမျိုးအစား GH/5945 (၂၂)ဘီး ယာဉ်သည် အရှေ့မှ အနောက်သို့ မောင်းနှင် လာစဉ် မကွေး လေတပ်စခန်းဌာနချုပ် ရှေ့အရောက် တွင် ယင်းလမ်း၏ ယာဘက်တွက် ရပ်ထားသော ယာဉ်မောင်းတပ်ကြပ် မင်းမင်းသိန်း(လေ 24972) (၂၅)နှစ် (ဘ) ဦးမောင်မောင်သန်း မကွေး လေတပ် စခန်းနေသူ၏ (* ၂၀၇၂(ဗ)) FAW အမျိုးအစား စစ်စိမ်းရောင် ယာဉ်အား အနောက်မှ ၀င်ရောက်မိရာ (GH /5945)ယာဉ်မောင်းဖြစ်သူ ဦးထွန်းမင်းအောင် မှာ စတီယာရင်နှင့် ထိုင်ခုံကြားညှပ်နေပြီး ယာသ်ပေါ်ပါရှိသူ (၇)ဦးဒဏ်ရာရရှိခဲ့ပါသည်။

ယင်းအခင်းဖြစ်ပွားရာနေရာသို့ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဝင်းစိန် ဦးဆောင် ၍ မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး အုပ်ချုပ်မှု ယာဉ်(၁)ဦး၊ အထောက်အကူပြုယာဉ် (၁)စီးဖြင့် သွားရောက်စတီယာရင်နှင့် ထိုင်ခုံကြားညှပ်နေသူ ယာဉ်မောင်း ဦးထွန်းမင်းအောင် အား အသက်ကယ်ကိရိယာများအသုံးပြု၍ တံခါးဂျက် (Bolt Cutter) ဖြင့် ဖြတ်တောက် ဖယ်ရှားကာ ကယ်ဆယ်နိုင် ခဲ့ပြီး ဒဏ်ရာရသူများအား မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပါသည်။ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဦးထွန်းမင်းအောင်အား မကွေးမြို့နယ် အမှတ်(၂) ရဲစခန်းမှ ယာဉ် (ပ)၃၁/၂၀၁၄ ပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိပါသည်။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment