Saturday, October 25, 2014

ဝန်ကြီးဌာနများ ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှု များပြားလွန်း

၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဖြည့်စွက်ဘတ်ဂျက်ငွေ တောင်းခံတဲ့ ၀န်ကြီးဌာနတွေ အများအပြားရှိပြီး သမဝါယမ ၀န်ကြီးဌာနက မူလခွင့်ပြုထားတဲ့ ဘဏ္ဍာငွေ ထက် ၆၀၀% ကျော် ထပ်မံတောင်းခံတယ်လို့ ဇမ္ဗူသီရိမြီု့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားလိုက်ပါတယ်။

အဲဒီလိုဖြည့်စွက်ဘတ်ဂျက်ငွေ တောင်းခံတဲ့အထဲမှာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာနနဲ့ ဟိုတယ်ခရီးသွားလာရေး ၀န်ကြီးဌာနတွေအပြင် နေပြည်တော် စည်ပင်သာယာအဖွဲ့ကလည်း နေပြည်တော်မှာ ဗိုလ်ရှုခံစင်မြင့်ဆောက်လုပ်ဖို့ဆိုပြီး ကျပ်သန်းပေါင်း ၆၀၀၀ ကျော်တောင်းခံထားတယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

"အဲဒါက နဂိုတုန်းက ၂ဝ၁၄-၂ဝ၁၅ ဘတ်ဂျက်တုန်းက မတောင်းပဲနဲ့ ထပ်မံပြီး အသုံးစရိတ်ကျမှ ဒီဟာကိုတင်ပြလာတာတွေ့ပါတယ်၊ ကျမတို့စစ်ဆေးကြီးလိုက်တဲ့အခါမှာ လျှပ်စစ်လိုင်းသွယ်တာတွေ၊ ဆိုဖာခုံတွေ၊ နောက်ဆုံးပြောရရင် စကားပြောတဲ့ ဒီကျွန်းစားပွဲလေးတစ်ခုတောင် သိန်း ၃ဝ တန် ပြထားတာတွေ့ပါတယ်၊ ပစ္စည်းတွေကို ကုမ္ပဏီကနေလာပြီးတော့ ဆောင်ရွက်ပေးတယ်ဆိုလို့ရှိရင် ကုမ္ပဏီကားနဲ့ပဲ လာရမှာပေါ့၊ ဒါပေမဲ့ အဲ့လိုတောင်မဟုတ်ပါဘူး၊ သယ်ယူစရိတ်တောင် ၁ဝ သိန်းတောင်ပြထားတာ တွေ့ပါတယ်"

အခုလိုနေပြည်တော်စည်ပင်က တောင်းခံတဲ့ငွေများထဲမှာ ပညာရေးဝန်ထမ်းတွေနဲ့ ဝေးလံတဲ့သေတွေမှာရှိတဲ့ ချို့တဲ့ကျောင်းများအတွက် အသုံးပြုမယ်ဆိုရင်ပိုပြီး အဆင်ပြေမှာဖြစ်တယ်။ ဒီကိစ္စအတွက် လာမယ့်လွှတ်တော်စည်းဝေးပွဲမှာ တင်ပြသွားမယ်လို့ ဒေါ်စန္ဒာမင်းက RFA ကိုပြောပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment