Thursday, October 30, 2014

ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် စင်ကာပူနှင့် ဂျပန် ကုမ္ပဏီိ လုပ်ဆောင်ခွင့်ရရှိ

မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ဟံသာဝတီ လေဆိပ်စီမံကိန်း အတွက် စင်ကာပူ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ဂျပန် ကုမ္ပဏီတို့က လုပ်ဆောင်ခွင့် ရရှိသွားပါတယ်။

အစိုးရနဲ့ တောင်ကိုးရီးယား အင်ချွန်နိုင်ငံတကာ ကုမ္ပဏီတို့ ဒီနှစ်အစောပိုင်းမှာ သဘောတူညီချက် ပျက်ပြား သွားတဲ့နောက် ဂျပန် JGCနဲ့ ယောင်နမ် ဦးပိုင်ကုမ္ပဏီ (YNH)တို့ ရရှိသွားတာ ဖြစ်ပါတယ်။

ဟံသာဝတီ လေဆိပ်ဟာ ရန်ကုန်ကနေ ကီလိုမီတာ ၈၀ အကွာမှာ ရှိပြီး လက်ရှိရန်ကုန် နိုင်ငံတကာ လေဆိပ်ကတော့ ၁၅ ကီလိုမီတာအကွာမှာရှိပါတယ်။

၂၀၁၉ ဒီဇင်ဘာမှာ လေဆိပ်သစ်ကို စတင်လည်ပတ်မှာ ဖြစ်သလို တနှစ်ကို ခရီးသည် ၁၂ သန်း လက်ခံနိုင်မယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ခရီးသည် ၂.၇ သန်း လက်ခံနိုင်မယ်လို့လည်း ဆိုပါတယ်။

ဒီအဖွဲ့ဟာ ဂျပန်အစိုးရဆီကနေ အတိုးနှုန်းသက်သက်သာသာနဲ့ အကူအညီတွေ ရရှိမယ်လို့ ဆိုပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment