Wednesday, October 15, 2014

အပြစ်မရှိလို့ အမှန်တရားတခု ပေါ်လာတယ်လို့ မြင်ပါတယ်- မဖြူနှင်းထွေး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက် အမှုကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

ပြန်လွတ်လာတဲ့အပေါ် မဖြူနှင်းထွေးက “ကျမအပါအ၀င် လက်ပံတောင်းဒေသခံတွေကို စွဲကတည်းက ဒါမတရားတဲ့ပုဒ်မပဲ။ ကျမအပါအ၀င် ဒေသခံတွေ အားလုံးမှာ လုံးဝအပြစ်မရှိဘူး၊ အပြစ်မရှိဘဲနဲ့ သူတို့စွဲဆိုထားတဲ့ပုဒ်မပေါ့။ အပြစ်မရှိတဲ့အတွက် ဒါလုံးဝ အမှန်တရားတခု ပေါ်ပေါက်လာတယ်လို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။





ပြန်လွတ်လာသည့် မဖြူနှင်းထွေး (အလံကိုင်ထားသူ)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment