Friday, October 31, 2014

မြင်လှည့်ပါတော့ သမီးလေးရယ်

နယ်သာလန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်သွားသော သမီးဖြစ်သူ၏ စိတ်ကူး အိပ်မက်ကို ဖခင်ဖြစ်သူက အောင်မြင်စွာ အကောင် အထည်ဖော် ပေးနိုင်ခဲ့ပြီဖြစ်သည်။

အသက် ၁၃ နှစ်အရွယ် အန်နာသည် သူမ မကွယ်လွန်မီက အွန်လိုင်းတွင် အောင်မြင်ထင်ရှားသူ တစ်ဦး ဖြစ်ရန် ဆန္ဒရှိခဲ့သည်။ သူမ ကွယ်လွန်ပြီးနောက် နှစ်ပတ်အကြာတွင် ဖခင်ဖြစ်သူ နစ်ဗန်ကူလန်က သူမ စန္ဒရား တီးခတ်နေသည့် ဗီဒီယိုကို အွန်လိုင်းတွင် တင်ခဲ့ရာ ၂၄ နာရီမပြည့်မီ ကြည့်ရှုသူ ၁ ဒသမ ၅ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

"သမီးလေး အန်နာက အောင်မြင်ထင်ရှားသူ တစ်ယောက် ဖြစ်ချင်တာလေ။ အခုတော့ ရုတ်တရတ် လူလောကထဲက ထွက်သွားခဲ့ရရှာတယ်။ ဗီဒီယို လေးကို ကြည့်ပြီး သူမရဲ့ဆန္ဒလေးကို ဖြည့်ဆည်းပေးကြပါဦးဗျာ" ဟု ဖခင်ဖြစ်သူက တွစ်တာစာမျက်နှာတွင် ရေးသားထားခဲ့သည်။

အန်နာသည် လမ်းဖြတ်ကူးနေစဉ် ဆိုင်ကယ်တစ်စီးက သူမကို ၀င်တိုက်သွားခဲ့ ခြင်းဖြစ်သည်။ ခွဲစိတ်မှုသုံးကြိမ်ပြုလုပ်ခဲ့သော်လည်း အန်နာသည် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ၁၇ နာရီအကြာတွင် ကွယ်လွန် သွားခဲ့ကြောင်း ကျန်ရစ်သည့်မိသားစုဝင်များက ဒတ်ခ်ျသတင်းစာတစ်စောင် သို့ ပြောဆိုခဲ့သည်။

"သမီးလေးက ကံခေရှာတယ်၊ တကယ့်ကိုမှ ကံဆိုးရှာပါတယ်ဗျာ" ဟူ၍ မိသားစု ၀င်များက ဆိုခဲ့သည်။ အန်နာသည် သရုပ်ဆောင်တစ်ဦးဖြစ်ရန် ဆန္ဒရှိပြီး ဒေသတွင်းရှိ ကဇာတ်ရုံများစွာတွင်လည်း ပါဝင်ခဲ့ဖူးကြောင်း သိရသည်။

သတင်းမီဒီယာများက ဖခင်ဖြစ်သူအား ထပ်မံ၍ တွေ့ဆုံမေးမြန်းရန် တောင်းဆိုရာတွင် ဖခင်ကူလန်က ငြင်းဆိုခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment