Saturday, October 4, 2014

လူနာနဲ့ ထိတွေ့ခဲ့သူ လူ ၁၀ဝ ကို ကန် စုံစမ်း

အမေရိကန် နိုင်ငံမှာ ပထမဆုံး အီဘိုလာ ရောဂါ ကူးစက် ခံရသူ ဖြစ်တဲ့ မစ္စတာ Thomas Duncan နဲ့ ထိတွေ့ ပတ်သက် ခဲ့တယ်လို့ ယူဆရသူ လူ အယောက် ၁၀ဝ ကို တက္ကဆက် ပြည်နယ် ကျန်းမာရေး ဌာန အရာရှိတွေက ခြေရာကောက် စုံစမ်း နေကြပါတယ်။

လိုင်ဘေးရီးယား နိုင်ငံကနေ ရောဂါ ကူးစက်ခဲ့တဲ့ မစ္စတာ Thomas Duncan ဟာ ပြန်ရောက်ခါစက ရောဂါ လက္ခဏာ မပြခဲ့ဘဲ အခုတော့ ဒဲလက်စ်မြို့က သီးသန့် ကုသဆောင်မှာ ကုသမှု ခံယူနေရပါတယ်။

မစ္စတာ ဒွန်ကန်ရဲ့ မိသားစုဝင်တွေကိုလည်း သူတို့ နေအိမ်မှာ ခြေချုပ်နဲ့ ထားရှိတယ်လို့ သိရပါတယ်။

သီးခြား ဖြစ်ရပ် အနေနဲ့ ဂျာမနီ နိုင်ငံမှာလည်း ဒုတိယမြောက် အီဘိုလာ ရောဂါရှင် တစ်ဦး ဖရန့်ဖွတ် မြို့ကိုရောက်ရှိလာပြီး ကုသမှု ခံယူနေရပါတယ်။

ယူဂန်ဒါ လူမျိုး ဆရာဝန် ဖြစ်တဲ့ အဲဒီ လူနာဟာ ဆီရီယာ လီယွန်းမှာ အီဘိုလာ လူနာတွေကို ကုသပေးခဲ့သူ ဖြစ်ပါတယ်။

ဂျာမနီ နိုင်ငံရဲ့ ပထမဆုံး အီဘိုလာ ရောဂါရှင် ကတော့ ပြီးခဲ့တဲ့ သြဂုတ်လက ဟမ်းဘတ်ဂ်မြို့ကို ရောက်ရှိလာပြီး ကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပထမဆုံး အီဘိုလာ လူနာ Thomas Duncan


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment