ဖနာချန်နော့ ချိုင်ယာပါနှင့် ဆွမ်ချိုင်း ကွယ်ဘန်ယန်တို့သည် အသက် ၇၉ နှစ်အရွယ် ဂျပန်အဘိုးအို ယိုရှီနိုရီရှီမာတိုအား သတ်ဖြတ်မှုဖြင့် ကြာသပတေး နေ့က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါအဘိုးအို ပျောက်ဆုံးပြီးနောက် တစ်လအကြာတွင် ခုတ်ထစ်ဖြတ်တောက်ထားသည့် အဘိုးအို၏အလောင်းအား ဗန်ကောက်မြို့ တော်အနီး တူးမြောင်းတစ်ခုအတွင်း ရှာဖွေတွေ့ရှိခဲ့သည်။
ထိုင်းရဲများက ၂၀၀၃ ခုနှစ်အတွင်း အသတ်ခံခဲ့ရသည့် ဂျပန်အမျိုးသား ကာဆူတိုရှီတာနာကာ အမှုနှင့်ပတ်သက်၍လည်း လူသတ်မှု ကျူးလွန်သည်ဟု ယူဆရသူနှစ်ဦးကို မေးခွန်းများ မေးမြန်းခဲ့သည်။ တာနာကာသည် ချိုင်ယာပါ အား လက်ထပ်ပြီးနောက် တစ်နှစ်အကြာတွင် နေအိမ်လှေကားမှပြုတ်ကျကာ သေဆုံး ခဲ့သည်ဟု ထိုစဉ်က သတင်းများထွက်ပေါ်ခဲ့သည်။ ကွယ်ဘန်ယန်ကမူ တာနာကာ အား လှေကားမှတွန်းချကြောင်းနှင့် သေသည်အထိ ကန်ကျောက်ခဲ့ ကြောင်း ၀န်ခံထားသည်။ အမျိုးသမီးဖြစ်သူကမူ လူသတ်မှုတွင် တစ်စုံတစ်ရာပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
သူမအနေဖြင့် တာနာကာသေဆုံးပြီးနောက် အာမခံကြေးအမြောက်အများ ရရှိခဲ့ သည်ဟု nhk သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

No comments:
Post a Comment