Wednesday, October 15, 2014

ဆားဘီးယားနှင့် အယ်ဘေးနီးယား ခြေစစ်ပွဲ ရန်ပွဲကြောင့် ပွဲစဉ်ဖျက်သိမ်း

ဆားဘီးယားနဲ့ အယ်ဘေးနီးယားတို့ ယှဉ်ပြိုင်တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ညက ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်မှာ ဖြစ်ပွားတဲ့ ရန်ပွဲမှာ နှစ်ဖက်ဘောလုံးသမားတွေနဲ့ ပရိသတ်တွေ ပါဝင်ခဲ့လို့ ပွဲစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

ဒီပွဲကို ဆားဘီးယားနိုင်ငံ ဘဲဂရိတ်မြို့က ပါတီဇန်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တာပါ။

ပထမပိုင်းကစားချိန် ဘောလုံးပွဲအတွင်းမှာ အယ်ဘေးနီးယား ပရိသတ်တချို့က နှစ်နိုင်ငံကြားမှာ နိုင်ငံရေးအရ ထိလွယ်ရှလွယ်တဲ့ စကားလုံးတွေပါတဲ့အလံကို Remote control နဲ့ ထိန်းချုပ်ထားတဲ့ ဒရုန်းနဲ့ ကွင်းထဲကို စေလွှတ်ခဲ့အပြီးမှာ ရန်ပွဲတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအလံကို ဆားဘီးယားကစားသမားက ဖမ်းယူဖို့ ကြိုစားခဲ့ရာကနေ   တဖက် ကစားသမားတွေနဲ့ ရန်ဖြစ်ရာကနေ နှစ်ဖက် ပရိသတ်တချိ့အတားအဆီးတွေကို ဖယ်ရှားပြီး ကွင်းထဲကို ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

အင်္ဂလိပ်လူမျိုး ကွင်းလယ်ဒိုင် အက်ကင်ဆန်က ပွဲကို ရပ်ဆိုင်းခဲ့ပြီး ဘောလုံးသမားတွေကို ကွင်းအပြင်ကို ထွက်စေခဲ့ပါတယ်။

အခု ဖြစ်ရပ်ကြောင့် အယ်ဘေးနီးယား ပရိသတ်တွေကို ယူအီးအက်ဖ်အေက ပွဲကြည့်ခွင့် ပိတ်ပင်လိုက်ပြီး ပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

ဘောလ်ကန်ဒေသက ယူဂိုဆလပ်ပြည်ထောင်စုဟောင်း ဖြစ်တဲ့ ဆားဘီးယားနဲ့ အယ်ဘေးနီးယားနိုင်ငံဟာ သမိုင်းကြောင်းအရ ရန်ဖက်တွေ ဖြစ်ပါတယ်။

တချိန်တုန်းက ဆားဘီးယားအပိုင်နယ်မြေ ဖြစ်တဲ့ ကိုဆိုဗိုမှာ အယ်ဘေးနီးယားတွေက ခွဲထွက်ပြီး ၂၀၀၈ မှာ လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။

ကိုဆိုဗိုလွတ်လပ်ရေးကို အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့ကို အသိအမှတ် ပြုပေမယ့် ဆားဘီးယားနိုင်ငံကတော့ အခုအချိန်အထိ အသိအမှတ်ပြုခြင်း မရှိသေးပါဘူး။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment