Sunday, October 5, 2014

မသန့်ရှင်းသည့် ရေနှင့် ရေပေါ်အိမ်သာကြောင့် ကြည်မြင့်တိုင် တစ်ဖက်ကမ်း၌ ကူးစက်ရောဂါများ ဖြစ်ပွားနေ

ရန်ကုန်၊ ကြည်မြင့်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက် ၁၁ ခု၌ သန့်ရှင်း သည့် သောက်သုံးရေနှင့် ယင်လုံအိမ် သာများ အသုံးမပြုနိုင် ခြင်းကြောင့် ဝမ်းရောဂါ၊ သွေးလွန်တုတ်ကွေးနှင့် အသည်းရောင် အသားဝါ အစရှိသည့် ကူးစက်ရောဂါများ ခံစားနေရကြောင်း သိရှိရသည်။

အဆိုပါ ရပ်ကွက် ၁၁ ခုသည် ကြည်မြင့်တိုင်မြို့နယ်တွင် ပါဝင်နေ ပြီး စွန့်ပစ် အမှိုက်နှင့် သောက်သုံးရေ မသန့်ရှင်းခြင်းတို့ကြောင့် ကူးစက် ရောဂါဖြစ်ပွား ရခြင်းဖြစ်သည်ဟု ဆေးဝါးကျွမ်းကျင်သူများက ဆိုသည်။

အများဆုံးဖြစ်တာက သွေးလွန် တုတ်ကွေး၊ ဝမ်းပျက်၊ ဝမ်းလျှော၊ တချို့ဆိုရင် သတိလက်လွတ် အ ကြောကိုဖောက်လို့မရနိုင်သလောက် ထိဆိုးတယ်။ မသန့်ရှင်းတဲ့ရေတွေ၊ အမှိုက်ပုံ တွေ၊ မြေပေါ် အိမ်သာတွေကြောင့် ဖြစ် တာ ဟု ဆေးဝါးကျွမ်းကျင် သူ နာပြု ဒေါ်ခင်မာမာဦးကပြောသည်။

အဆိုပါ ရပ်ကွက်သည် ရန်ကုန် မြစ်ဘေး၌ ရပ်ကွက်အဖြစ်တည်ရှိနေ ပြီး ဒီရေ တက်ချိန်တွင် မိလ္လာကြွင်းသို့ ဒီရေဝင်ခြင်းကြောင့် ယင်လုံအိမ်သာ အဖြစ် အသုံးပြု ရန် အဆင်မပြေသည့် အတွက် မြေပေါ်အိမ်သာများသာ အသုံးပြု ရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

ယင်လုံအိမ်သာက နည်းပါတယ်။ ရေကတတ်တယ်ဆိုတော့ ယင်လုံ အိမ်သာနဲ့ က မကိုက်ဘူး။ လျှံ ကုန်ရော။ ကျန်းမာရေးအတွက်ဆေး ကုဖို့ဆိုရင် တခြား ရွာကိုသွားရတာ ပေါ့ဝေးတယ်။ ဆိုင်ကယ်နဲ့ သွားရတယ် ဟု ဒေသခံ ဒေါ်အုန်းနှစ် က ပြောသည်။

ဒေသခံများ အနေဖြင့် သောက် သုံးရေအဖြစ် ကန်ရေကိုသာ အဓိက သုံးစွဲနေ ရသည့်အပြင် တချို့ရပ်ကွက် များ၌သာ ကျန်းမာရေးစောင့်ရှောက် မှုအဖြစ် တိုက်နယ်ဆေးပေးခန်း ဆောက်လုပ်လျက်ရှိသည်ဟု စက် ဆန်းအောက်ရုံ အလတ်ချောင်း ရပ်ကွက် အောက်ရုံအပိုင် အုပ်ချုပ်ရေးတာဝန်ခံ ဦးကျော်ဇေဦး က ဆိုသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment