Wednesday, October 29, 2014

နာဆာ အာကာသဒုံးပျံယာဉ် ပျက်ကျ

အမေရိကန် ပြည်ထောင်စု ဗာဂျီနီးယား ပြည်နယ်မှာ ရှိတဲ့ အာကာသ စူးစမ်းရေး ဌာန နာဆာ အခြေစိုက် စခန်းတခုက နိုင်ငံတကာ အာကာသ စခန်းကို ထောက်ပံ့ရေး ပစ္စည်း တွေပို့မယ့် လူမပါတဲ့ ဒုံးပျံယာဉ်ဟာ လွှတ်တင်ပြီး စက္ကန့်ပိုင်း အတွင်းမှာ ပျက်ကျ သွားတယ်လို့ နာဆာ တီဗွီက သတင်း ထုတ်ပြန်ပါတယ်။

၁၇ ထပ် ပါတဲ့ ဒုံးပျံယာဉ်ကို အော်ဘစ်တယ် ဆိုင်းယင့် ကုမ္ပဏီက တည်ဆောက်ပြီး မနေ့ ညနေ ၆ နာရီ ၂၂ မိနစ် အချိန်က ပင်လယ်ကမ်းစပ်မှာ ရှိတဲ့ Wallops Flight စခန်းကနေ လွှတ်တင်တဲ့အချိန်မှာ ပျက်ကျသွားတာပါ။ ပျက်ကျရတဲ့ အကြောင်းကို မသိရသေးပါဘူး။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment