Sunday, October 12, 2014

အမရပူရမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား

အမရပူရမြို့နယ် တောင်သမန် အိုးဘိုရွာ ရတနာပုံ တက္ကသိုလ်ကျောင်းအနီး စတိုးဆိုင်နဲ့ ဆိုင်ကယ်ဝပ်ရှော့ တို့ အောက်တိုဘာ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်လောက်က  မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မီးသတ်ကားစီး ၂၀ ကျော်နဲ့ လာရောက်မီးငြိမ်း သက်နိုင်ခဲ့တဲ့ အတွက် ဘေးကကျောင်း အဆောင်တွေ ကိုတော့ မီးလောင်ကျွမ်းမှု မရှိခဲ့ပါဘူး။

မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး သက်ဆိုင်တာဝန်ရှိသူတွေကတော့ မေးမြန်စစ်ဆေးနေပါတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

အောင်ရတနာစတိုးဆိုင်၊ ပန်းချယ်ရီစတိုးဆိုင်၊ ချစ်ကိုဝပ်ရှော့၊ ရေဆေးဆီလိုက်ဆိုင် အိမ်တလုံးနဲ့ ဆုံးရှုံးပြတ်စီးမှုတန်ဖိုးငွေကတော့ သိန်း ၁၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၁၃-ခုနှစ်ကလည်း အဲဒီနေရာမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ဖူးပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment