Saturday, October 11, 2014

စင်ကာပူနိုင်ငံတွင် ငွေကြေးခ၀ါမှုဥပဒေအား ထပ်မံ တင်းကြပ်

နိုင်ငံတကာမှ အာဏာ ရှင်များနှင့် မိသား စုများ ဈေးဝယ် ပျော်ပါး လေ့ရှိရာ စင်ကာ ပူနိုင်ငံတွင် ငွေကြေး ခ၀ါ ချမှုအား တင်းကျပ်စွာ ကာကွယ်ရန် ထုတ်ပြန် ခဲ့သည့် အမိန့်သစ် အရ အဖိုးတန် ကျောက်မျက်ရတနာ နှင့် သတ္တုကုန်သည်များ သည်အောက် တိုဘာ ၁၅ မှ စတင်ကာ စင်ကာပူ ဒေါ်လာ ၂၀,၀၀၀ နှင့် အထက် ငွေ ကြေးလွှဲပြောင်းမှုအား အစီရင်ခံရ မည်ဟု အစိုးရက ဆိုသည် ။

ငွေကြေး ခ၀ါချမှုနှင့် အကြမ်းဖက်သမားများအား ထောက်ပံ့မှု တိုက်ဖျက်ရေး ကော်မတီ ကြေညာချက် တွင် “ကျောက်မျက် ရတနာနဲ့ အဖိုးတန်သတ္တုတွေဟာ သယ်ဆောင်ရလွယ်ပြီး အလွယ်တကူရောင်းဝယ်နိုင် ပါတယ်။ ဒီအချက်တွေကြောင့် အကြမ်းဖက် သမားတွေ အပါအ၀င် ရာဇ၀တ် ကောင်တွေက သူတို့ရဲ့ တရားမ၀င်ငွေတွေ ခ၀ါချဖို့ အသုံးပြုနိုင်ပါ တယ်။ ဒီအဖိုးတန်ပစ္စည်းတွေကို ရာ ဇ၀တ်မှုတွေအတွက် တိုက်ရိုက် ထောက်ပံ့ ရာမှာလည်း သုံးနိုင်ပါတယ်။ ငွေကြေးလွှဲပြောင်းမှု ကို ငွေသားနဲ့ပြုလုပ် ကြတဲ့ အခါ ဒီငွေတွေ ဘယ်ကလာလဲဆိုတာ စုံစမ်းလို့ ပိုခက်သွားပါတယ်” ဟု ဖော်ပြ ထားသည်။

ကျောက်မျက်ရတနာနှင့် အဖိုးတန် သတ္တုများနှင့်ပတ်သက်သော မည်သည့် ငွေကြေး လွှဲပြောင်းမှုကို မဆို လုပ်ငန်းရက် ၁၅ ရက်ဝယ်အတွင်း စီးပွားရေး ဌာန၊ ငွေကြေးလွှဲပြောင်းမှု အစီရင်ခံစာရုံးသို့ အစီရင်ခံရမည်ဖြစ် သည်။ ရောင်းချသူ ကုန်စည်သည် ငွေကြေးလွှဲပြောင်းမှုအပြင် ၀ယ်ယူ သူကိုလည်း ဖော်ပြရမည်ဖြစ်သည်။

တစ်ဆင့်ခံ ၀ယ်ယူခြင်းဖြစ်လျှင်လည်း ငွေကြေး အမှန်တကယ် ပိုင်ဆိုင်သူ အား ဖော်ပြရမည်ဖြစ်သည်။

ကုန်သည်များသည် ငွေကြေးလွှဲပြောင်းမှုအားလုံးအား မှတ်တမ်းပြုအစီရင်ခံစာ တင်ပြီး ၅ နှစ်အထိ သိမ်းဆည်းထားရမည်ဖြစ် သည်။ အစီရင်ခံစာ တင်ရန် ပျက်ကွက်သူ ကုန်သည်များအား စင်ကာပူဒေါ်လာ ၂၀,၀၀၀ ထိ ဒဏ်ရိုက် မည်ဖြစ်ပြီး ထောင်ဒဏ် ၂ နှစ် ထိ ချမှတ်နိုင်မည်ဟု ဆိုသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment