Monday, October 27, 2014

အလွတ်တန်းသတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် အဖွဲ့အစည်း ၄၀ ကျော် တောင်းဆိုဆန္ဒပြ

အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန် ဖော်ထုတ် ပေးရေး အတွက် အဖွဲ့အစည်း ၄၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က မွန်ပြည်နယ်မှာ ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းကို လိုက်ပြီးအပြန် ကျိုက်မရောမြို့ပေါ်မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာကနေ အသေဖမ်းမိတယ် လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

သတင်းမထုတ်ပြန်ခင် ရက်ပိုင်း ဇနီးဖြစ်သူက သူ့ကို ဖမ်းထားတဲ့ ၂၀၈ တပ်ရင်းကို သွားရောက်မေးမြန်းခဲ့သလို အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှာလည်း သွားရောက်စုံစမ်းခဲ့တဲ့အခါ တွေ့ခွင့်ပေးမယ်လို့ ပြောခဲ့ပြီး နောက်ပိုင်းမှာမှ သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။

ဦးပါကြီးဟာ ၈ လေးလုံး အရေးတော်ပုံ ကာလမှာ သုံးရောင်ခြယ်လူငယ်အဖြစ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အနီးကပ် လုံခြုံရေးကို တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment