Thursday, October 16, 2014

ပဲခူးမြို့နယ်တွင် နာရီပိုင်းအတွင်း ယာဉ်တိုက်မှု(၃)နေရာဖြစ်(၃)ဦးသေ (၃)ဥင်္ီးဒဏ်ရာရ

ပဲခူးမြို့တွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် နာရီပိုင်းအတွင်း ယာဉ် တိုက်မှု(၃)မှု ဖြစ်ပွားခဲ့ပြီး လူ(၃)ဦးသေဆုံးခဲ့ရသည်။

ပထမဖြစ်စဉ် ပဲခူးမြို့၊မြို့သစ် ရပ် ကွက် ၊မြို့စားကြီး လက်ဘက်ရည် ဆိုင်ရှေ့ တွင် (၁၅.၁၀.၂၀၁၄)နေ့ ည (၁၀း ၅၀)အချိန်ခန့်က မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Toyota ALPHARD ယာဉ်မှာလမ်းဖြတ်ကူးသူနှစ်ဦးအား ၀င်တိုက်မိပြီး တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့၍ တစ်ဦးမှာ ပဲခူးဆေးရုံတွင် အတွင်းလူနာဖြင့် ဆေးကုသမှု ခံယူလျှက်ရှိ ပါသည်။

ဒုတိယဖြစ်စဉ်မှာ ပဲခူးမြို့၊ အမှတ်(၂)နယ်မြေ ရဲစခန်းအပိုင်၊ ကျွန်းသာယာရပ်ကွက်တွင်(၁၆.၁၀.၂၀၁၄)နေ့နံနက်(၇း၀၀)အချိန်ခန့်က ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်အား ၀င်းနိမ္မိတာရုံ ဘုန်းကြီးကျောင်းဘက်မှ ပဲခူးမြို့အတွင်းသို့ မောင်းနှင်လာသည့် TOYOTA HIACE ယာဉ်မှာ ဖြတ်ကွေ့မောင်းနှင်စဉ် အရှိုန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ၀င်တိုက်မိခဲ့ပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့၍ ကျန်နှစ်ဦးမှာ ပဲခူးဆေးရုံတွင် အတွင်းလူနာဖြင့် ဆေးကုသမှု ခံယူလျှက်ရှိပါသည်။

တတိယဖြစ်စဉ်မှာ ပဲခူးမြို့၊ အင်းတကော်နယ်မြေ ရဲစခန်းအပိုင်၊ သာယာကုန်းကျေးရွာ၊ ခမိန့်လမ်းစုံအနီးတွင်(၁၆.၁၀.၂၀၁၄)နေ့  နံနက်(၇း၃၀)အချိန်ခန့်က ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ မောင်းနှင်လာသည့် ESTIMA ယာဉ်မှာ လမ်းဖြတ်ကူးသူ တစ်ဦးအား ၀င် တိုက်မိပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ် အားလုံးမှာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း မလိုက်နာမှု၊ယာဉ်မောင်းများ သက်မှတ်အရှိန် ထက်ပိုမိုမောင်းနှင်မှု ၊ အရက်သေစာ သောက်စားထားမှု၊ ယာဉ်တစ်စီးတွင် ပါဝင်ရမည့် အင်္ဂါရပ်များ မပြည့်စုံမှုလမ်းသွားခရီးသည်များ ယာဉ်စည်းကမ်းနားမလည်မှု၊ ယာဉ်မောင်းအများစုသည် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်နေမှုနှင့်တာဝန်ရှိသူများ၏ ပညာပေးဟောပြောမှုများ အားနည်းခြင်းတို့ကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေကြောင်းသိရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment