Monday, October 6, 2014

ပျောက်ဆုံး မလေးရှား ခရီးသည်လေယာဉ် နောက်ဆုံးပေါ် နည်းပညာ အသုံးပြု ရှာဖွေမှုစတင်

ကွာလာလမ်ပူ အောက်တိုဘာ ၆

ပျောက်ဆုံး မလေးရှား လေယာဉ် MH-370 ရှာဖွေမှု နောက်တစ်ဆင့်ကို အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း၌ စတင်လိုက်ပြီဖြစ်သည်။

အသံလှိုင်းဖြင့် ရေအောက် အရာဝတ္ထုများကို ရှာဖွေနိုင်သည့် နည်းပညာသုံးကိရိယာ အထူး ပြုလုပ် တပ်ဆင်ထားသော အဆိုပါ သင်္ဘောသည် ၄င်းလေယာဉ်ခရီးစဉ် အဆုံးသတ်ခဲ့သည်ဟု ယုံကြည်ရသော သမုဒ္ဒရာအတွင်း ရှာဖွေမှုလုပ်ငန်း စတင်ရန် ရောက်ရှိလာခဲ့သည်။

ခရီးသည် ၂၃၉ ဦး လိုက်ပါလာသော အဆိုပါ ဘိုးရင်း-၇၇၇ လေယာဉ်သည် မတ်လ ၈ ရက်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ တကာအဖွဲ့အစည်းများ အပါအဝင် ဝေဟင်နှင့် ရေပြင် ရှာဖွေမှုများ အကြီးအကျယ်ပြုလုပ်ခဲ့ သော်လည်း အစအနပင်မတွေ့ရသေးဟု ဆိုသည်။

ဂြိုဟ်တုသတင်းအချက်အလက်များကို အသုံး ပြုပြီး အဆိုပါ လေကြောင်းလိုင်းက ၄င်း၏ခရီး စဉ် အဆုံးသတ်သွားနိုင်သည့် အိန္ဒိယသမုဒ္ဒရာ အတွင်း သြစတြေးလျနိုင်ငံ ပါ့သ်မြို့ အနောက် မြောက်ဘက်၌ ရှာဖွေမှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

မလေးရှား လေကြောင်းလိုင်းက စာချုပ် ထားသော အဆိုပါGo Phoenix သင်္ဘော သည် တနင်္လာနေ့က သြစတြေးလျနိုင်ငံ အနောက် ဘက် မိုင် ၁၁ဝဝ အကွာ ပင်လယ်ပြင်၌ လေယာဉ် ရှာဖွေရေးလုပ်ငန်းများ စတင်လုပ်ဆောင်လျက် ရှိသည်။

၎င်းသင်္ဘော၏ ရေအောက်ကြမ်းပြင် တွင် လေယာဉ်ရှိနိုင်မည့် နေရာကို ရေအောက် အသံလှိုင်း နည်းပညာမှတစ်ဆင့် ဗီဒီယို မှတ်တမ်း ကို ကြည့်ရှုကာ ရှာဖွေလျက်ရှိသည်။

အဆိုပါ သင်္ဘောသည် ယခုလကုန်ပိုင်းတွင် ဒတ်ခ်ျကန်ထရိုက်တာ ပူဂရိုက စေလွှတ်ထားသည့် သင်္ဘောနှစ်စင်းဖြင့် ပူးပေါင်းရှာဖွေမှု ပြုလုပ် သွားမည်ဟု ဆိုသည်။ ယင်းရှာဖွေမှုသည် အနည်း ဆုံး တစ်နှစ်ကြာမြင့်လိမ့်မည်ဟု ဆိုသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment