Wednesday, October 29, 2014

ဗိုလ်ချုပ် နဲ့ ဆယ့်သုံးကဏန်း



လူပုံကပုတိုတို
အသားကညိုလျက်
မျက်ခွက်ကမာမာ
လူ့ခွစာတော့မဟုတ်
အရိုင်းလို့မသမုတ်ကြပါနဲ့လား …………
မျက်မှောင်ကုတ်ကုတ်
ရုပ်ကတည်တည်
ပိုသီပတ်သီနဲ့

သူ့အင်္ကျီကြယ်သီး
အကုန်ပြီးအောင်အလုံးစေ့
တပ်ဖို့ရန်သူမေ့ဖူးသည်။
ဆံညှပ်ရင်းစိတ်ကူးရ
ရုတ်တရက်ထသွား
သည်လိုလည်းကြားဖူးသည်။
လောလောပြာပြာ
ဖိနပ်ကိုဘယ်ညာ
ပြောင်းပြန်လည်းစီးဖူးသည်။
အမြဲတမ်းအကြံထုတ်
အပတ်တစ်ကုတ်ကြိုးပမ်း
လူပုံကကြမ်းပေမယ့်
ရမ်းသန်းပြီးမလုပ်
အရှုပ်ကိုမလိုလား
အလုပ်တစ်အားများသည်။ ………..
အခွင့်နဲ့အာဏာ
သုံးတာကိုမကြိုက်
စရိုက်ကပြတ်သား
မှားတာကိုဝန်ခံ၇ဲ
အမှန်တွေပဲ ပြောသည်။
ဆူးတွေ ချောက်တွေကြား
ပန်းတိုင်ကို မြဲစွာထားလို့
အမှားလည်းမခံ
ကိုယ့်နိုင်ငံအရေး
ဘ၀ကိုစတေးရင်း
အံကိုတင်းတင်းကြိတ်
ခက်သွက်သွက် သွား(လုပ်)သည်။ ……….
ဖေဖော်ဝါရီ ဆယ့်သုံးရက်
သူ့အသက်အစပျိုး
နိုင်ငံအကျိုးထမ်းရွက်
ဆယ့်သုံးနှစ်သက်တမ်း
ခပ်ရမ်းရမ်းလူကြောင့်
ကျည်ဆယ့်သုံးတောင့်နဲ့
ကျဆုံးလို့ ထွက်ခွါ
လောကကိုတာ့တာပြ
ကျန်ရစ်သူမျက်ရည်ကျခဲ့ပြီ …………


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment