Tuesday, October 14, 2014

ရွှေပြည်သာတွင် ရေမော်တာမောင်းရန် ကြိုးဆွဲရာမှ အမျိုးသမီးတဦး ဓါတ်လိုက်သေဆုံး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အမှတ် ၉ ရပ်ကွက် ရတနာသိင်္ဂီပတ်လမ်း အမှတ် ၁၅၉ က တွင် ယနေ့(၁၄ရက် အောက်တိုဘာ) နံနက် ၁၀နာရီက သေမှုသေခင်း ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဘဦးအောင်ကြည်၏သမီး ဒေါ်တင်ရီ အသက် ၅၉ နှစ်သည် ရေချိုးရန်အတွက် ရေမော်တာ မောင်းရန် ရေစက်တွင် တပ်ဆင်ထားသောကြိုးကို ဆွဲလိုက်စဉ် ဓါတ်လိုက်သေဆုံးသွားခဲ့ကြောင်း သိရ သည်။

အခင်းဖြစ်ရာသို့ ရွှေပြည်သာမြို့နယ် ပြည်သူ့ရဲစခန်းမှ တယ၀န်မှူးဒုရဲအုပ် ဇင်မင်းလတ်နှင့် အဖွဲ့၊ မြို့နယ်လျှပ်စစ်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ ကူညီဆောင်ရွက်ပေးပြီး အလောင်းအား အင်းစိန်ဆေးရုံသို့ အပ်နှံရာ ပီအာ ၁၀ဖြင့်လက်ခံခဲ့သည်။

ရွှေပြည်သာရဲစခန်းကလည်း သေမှုသေခင်းအမှတ် ပ-၃၃/၂၀၁၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဟုတ်ကဲ့ပါ၊ အမှုကို သေမှုသေခင်း အမှုအမှတ်စဉ် ၃၃/၂၀၁၄ အရ အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက် နေပါတယ်”ဟု ရွှေပြည်သာရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက News Watch သို့ အတည်ပြု ပြောကြားသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment