Monday, October 27, 2014

အင်ဒိုဝန်ကြီးအဖွဲ့မှာ အမျိုးသမီး ၈ ဦးပါ

အင်ဒိုနီးရှားနိုင်ငံ ​သမ္မတသစ် ​ဂျိုကို ​ဝီဒိုဒိုက ​သူ့ရဲ့ ​ဝန်ကြီးအဖွဲ့ကို ​ရွေးချယ်ခဲ့ပြီး ​အဲဒီ ​ဝန်ကြီး ​၃၄ ​ယောက်က ​ဒီကနေ့ ​ကျမ်းသစ္စာ ​ကျိန်ဆိုဖို့ ​ရှိပါတယ်။

အဲဒီ ​ဝန်ကြီးအဖွဲ့ဝင် ​၃၄ ​ယောက်ထဲမှာ ​အမျိုးသမီး ​ဝန်ကြီး ​၈ ​ဦးပါဝင်ပြီး ​အဆင့်မြင့်တဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီးဌာနကို ​အမျိုးသမီး ​ဝန်ကြီးက ​ဦးဆောင်မှာ ​ဖြစ်ပါတယ်။

သမ္မတအဖြစ် ​ကျမ်းသစ္စာ ​ကျိန်ဆိုတဲ့အချိန်ကစပြီး ​ဝန်ကြီးအဖွဲ့ကို ​ရွေးချယ်ဖို့ ​သမ္မတ ​ဂျိုကို ​ဝီဒိုဒိုမှာ ​အချိန် ​၁၄ ​ရက်ရှိပေမယ့် ​သူက ​တစ်ပါတ်တောင် ​အချိန်မယူပဲ ​ဝန်ကြီး ​အဖွဲ့ရဲ့ ​နာမည်ကို ​ကြေညာလိုက်ပါတယ်။

အဲဒါတောင် ​နှောင့်နှေးမှု ​ဖြစ်ခဲ့တဲ့အတွက် ​တစ်ပါတ်နီးပါး ​ကြာမြင့်ခဲ့တာပါ။

သမ္မတက ​ရွေးချယ်ထားတဲ့ ​လူ ​၈ ​ယောက်ရဲ့ ​နာမည်ကို ​အဂတိလိုက်စားမှု ​တိုက်ဖျက်ရေး ​ကော်မရှင်က ​မင်နီတွေ ​တားခဲ့တဲ့အတွက် ​နောက် ​၈ ​ယောက်ကို ​ရွေးချယ်ရင်း ​တစ်ပတ်နီးပါး ​ကြာမြင့်သွားတာ ​ဖြစ်ပါတယ်။

အခု ​ရွေးချယ်ထားတဲ့ ​လူ ​၃၄ ​ယောက်စလုံးဟာ ​အကျင့် ​စာရိတ္တ ​ကောင်းမွန်ကြောင်း ​အဂတိလိုက်စားမှု ​တိုက်ဖျက်ရေး ​ကော်မရှင်က ​အသိအမှတ် ​ပြုထားသူတွေသာ ​ဖြစ်တယ်လို့လည်း ​သမ္မတ ​ဂျိုကို ​ဝီဒိုဒိုက ​ပြောပါတယ်။

ဝန်ကြီး ​၃၄ ​ယောက်ထဲမှာ ​နိုင်ငံရေးသမားတွေ၊ ​စီးပွားရေးသမားတွေနဲ့ ​သိပ္ပံ ​စက်မှု ​ပညာရှင်တွေ ​ပါဝင်ပါတယ်။

စစ်ဦးစီးချုပ်ဟောင်းကို ​ကာကွယ်ရေးနဲ့ ​လုံခြုံရေး ​ဝန်ကြီး ​ခန့်အပ်ပြီး ​စီးပွားရေးမှာ ​အတွေ့အကြုံရှိသူတွေကို ​စိုက်ပျိုးရေးနဲ့ ​ကုန်သွယ်ရေး ​ဝန်ကြီးများ ​အဖြစ် ​ခန့်အပ်ခဲ့ပါတယ်။

အမျိုးသမီး ​၈ ​ဦးထဲက ​တစ်ဦးကိုတော့ ​နိုင်ငံခြားရေး ​ဝန်ကြီးရာထူး ​ပေးအပ်ခဲ့ပြီး ​အဲဒီ ​အမျိုးသမီးဟာ ​သြစတြေးလျနဲ့ ​ဥရောပတိုက်မှာ ​သံတမန်အဖြစ် ​တောက်လျောက် ​တာဝန်ယူခဲ့သူ ​ဖြစ်တယ်လို့ ​အေဘီစီ ​သတင်းထောက် ​George ​Roberts ​က ​အင်ဒိုနီးရှားနိုင်ငံကနေ ​သတင်းပေးပို့ခဲ့ပါတယ်။

အပထမဦးဆုံးသော ​အင်ဒိုနီးရှား ​နိုင်ငံရဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဖြစ်လာမယ့် ​Retno ​Marsudi ​ဟာ  ​အသက် ​ငယ်ရွယ်စဉ်ကတည်းက ​သံအမတ်အဖြစ် ​ပြည်ပမှာ ​တာဝန် ​ထမ်းဆောင်သူ ​အမျိုးသမီး ​ဖြစ်ပြီး ​အခုအခါမှာတော့ ​နယ်သာလန်နိုင်ငံမှာ ​အင်ဒိုနီးရှား ​သံအမတ်အဖြစ် ​တာဝန်ထမ်းဆောင်သူ ​ဖြစ်ပါတယ်။


အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဦးဆုံးသော နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမယ့် Retno Marsudi


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment