Tuesday, October 14, 2014

G-20 မှာ ပူတင်နဲ့ ထိပ်တိုက်ဆွေးနွေးမယ်လို့ အာဘော့တ်ဆို

နိုဝင်ဘာလကျရင် ​သြစတြေးလျနိုင်ငံမှာ ​ကျင်းပမယ့် ​စက်မှုထိပ်သီးနိုင်ငံများ ​G-20 ​အစည်းအဝေးအတွင်း ​ရုရှား ​သမ္မတနဲ့ ​ထိပ်တိုက်ဆွေးနွေးမှုတွေ ​လုပ်သွားမယ်လို့ ​သြစတြေးလျ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်က ​ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ ​ပျက်ကျသွားတဲ့ ​မလေးရှားပိုင် ​MH ​17 ​လေယာဉ်ပေါ်မှာ ​သြစတြေးလျနိုင်ငံသား ​၂၇ ​ယောက်နဲ့ ​PR ​လို့ခေါ်တဲ့ ​အမြဲတမ်းနေထိုင်ခွင့်ရှိသူ ​၁၁ ​ယောက် ​ပါဝင်သေဆုံးတဲ့အတွက် ​ရုရှားသမ္မတနဲ့ ​ဆွေးနွေးမှု ​လုပ်မယ်လို့ ​ပြောသွားခဲ့တာပါ။

MH ​17 ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​မစ္စတာ ​ပူတင်နဲ့ ​ထိပ်တိုက် ​ရင်ဆိုင် ​ပြောဆိုသွားမယ့်အကြောင်း ​ဒီလူတွေဟာ ​ရုရှားက ​ထောက်ပံ့ထားတဲ့ ​သူပုန်တွေရဲ့ ​လက်ချက်ကြောင့် ​သေဆုံးရတာ ​ဖြစ်တဲ့အတွက် ​ရုရှားသမ္မတနဲ့ ​ဆွေးနွေးမှု ​လုပ်သွားမှာဖြစ်ကြောင်း ​ဝန်ကြီးချုပ်က ​ပြောသွားခဲ့တာပါ။

အတိုက်အခံပါတီကတော့ ​ရုရှားသမ္မတကို ​သြစတြေးလျနိုင်ငံမှာ ​ကျင်းပမယ့် ​G-20 ​အစည်းအဝေး ​တက်ရောက်ဖို့ ​မဖိတ်ခေါ်သင့်သလို ​မျက်နှာချင်းဆိုင် ​တွေ့ဆုံတာမျိုး ​မလုပ်သင့်ဘူးလို့ ​ပြောဆိုခဲ့ပါတယ်။

ယူကရိန်းအရေးမှာ ​ရုရှားပါဝင်မှုနဲ့ ​MH ​17 ​လေယာဉ် ​ပျက်ကျမှုနဲ့ ​ပတ်သက်ပြီး ​ရုရှားကို ​ဆန့်ကျင်တဲ့အနေနဲ့ ​G-20 ​အစည်းအဝေး ​တက်ရောက်ဖို့ ​ဖိတ်ခေါ်ဖို့ ​သင့်မသင့် ​ဆွေးနွေးခဲ့ရာက ​မကြာသေးခင်ကပဲ ​ရုရှားသမ္မတက ​အစည်းအဝေး ​တက်ရောက်မယ့်အကြောင်း ​သြစတြေးလျ ​ဘဏ္ဍာရေးဝန်ကြီး ​Joe ​Hockey ​က ​အတည်ပြုခဲ့ပါတယ်။



သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ် (ဝဲ) နှင့် ရုရှားသမ္မတ ဘလာဒီမီယာ ပူတင် (ယာ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment