ပြီးခဲ့တဲ့လတုန်းကပဲ ဂျီဟတ်ဒစ် သမားတွေကနေ သုံးလကြာ ဖမ်းဆီးခံထားရတဲ့ တူရကီ ကောင်စစ်ဝင် အမှုထမ်း ၄၆ ယောက် ပြန်လည် လွတ်မြောက်လာတဲ့အပေါ် တူရကီအစိုးရက ကြိုဆိုမှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီတုန်းက ဘာကြောင့်၊ ဘယ်လို လွတ်လာသလဲ ဆိုတာကို တူရကီအစိုးရက ပြောဆိုထားခြင်းမရှိသလို သူတို့အနေနဲ့ ပြန်ပေးဆွဲသမားတွေကို ငွေကြေးတွေ မပေးခဲ့ရဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။
အခုအခါမှာတော့ ဗြိတိန်အခြေစိုက် Times သတင်းစာအရ တူရကီက IS အဖွဲ့ဝင် အကျဉ်းသား အယောက် ၁၈၀ နဲ့ ဖလှယ်တာဖြစ်ပြီး အဲဒီအထဲမှာ ဗြိတိန်နိုင်ငံသား သုံးဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ သတင်းဟာ ယုံကြည်ရတဲ့ သတင်းဖြစ်တယ်လို့ ပြောဆိုနေကြသလို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပြန်လွတ်မြောက်လာသူ IS အဖွဲ့ထဲမှာ အသက် ၁၈ နှစ်အရွယ် ဗြိတိန်နိုင်ငံသား တစ်ဦး ပါဝင်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။
အဲဒီ ဗြိတိန်နိုင်ငံသားဟာ မနှစ်ကတည်းက တူရကီနိုင်ငံမှာ ပျောက်ဆုံးသွားသူ ဖြစ်ကြောင်း အေဘီစီ သတင်းထောက် Mary Gearin က လန်ဒန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
အမေရိကန်က IS အဖွဲ့ကို ရဟတ်ယာဉ်နဲ့ ပထမအကြိမ် စတင်တိုက်ခိုက်
အမေရိကန်က စစ်လေယာဉ်တွေနဲ့ IS တပ်ဖွဲ့ကို တိုက်ခိုက်နေသလို Apache တပ်ဆင်ထားတဲ့ စစ်ရဟတ်ယာဉ်တွေကို အသုံးပြုပြီးတော့လည်း တိုက်ခိုက်မှု လုပ်နေပါတယ်။
အီရတ်နိုင်ငံ Fallujah မြို့အနားမှာ ကူညီ တိုက်ခိုက်မှု လုပ်ပေးဖို့ အီရတ်စစ်တပ်က တောင်းဆိုတဲ့အတွက် လုပ်ပေးတာ ဖြစ်ပါတယ်။
ဒီရဟတ်ယာဉ်တွေဟာ အမြင့် ပေ ၁၅၀ လောကမှာသာ ပျံသန်းတဲ့အတွက် စစ်သွေးကြွတွေက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နိုင်တဲ့အတွက် ပိုပြီး အန္တရာယ်များတဲ့ လုပ်ရပ် ဖြစ်ပါတယ်။
စစ်လေယာဉ်တွေဟာ အမြင့်ပေ ၃၀၀၀၀ လောက်မှာ ပျံသန်းပြီး တိုက်ခိုက်မှု လုပ်နေတဲ့အတွက် စိုးရိမ်စရာ သိပ်မရှိပေမယ့် ရဟတ်ယာဉ်တွေကို IS ပစ်ခတ်နိုင်တဲ့အတွက် ဒီကိစ္စကို ဆွေးနွေးနေကြပါတယ်။
ဒါပေမဲ့ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှု လုပ်တာက ပိုပြီး ထိရောက်တယ်လို့လည်း ရှုမြင်နေကြပါတယ်။
![]() |
| အမေရိကန်ရဲ့ Apache တင်ဆောင်ထားတဲ့ ရဟတ်ယာဉ် |

No comments:
Post a Comment