အဆိုပါ အကြမ်းဖက် အဖွဲ့သည် ယခုနှစ် အစောပိုင်းက အီရတ်နှင့် ဆီးရီးယားနိုင်ငံ တစ်ဝန်းရှိ ၎င်းတို့ သိမ်းပိုက်ထားသော ဒေသ များမှ ထွက်ရှိသည့် ရေနံစိမ်းများကို ရောင်းချခြင်းဖြင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၁သန်း ဝင်ငွေရှိကြောင်း အမေရိကန် အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေး အကြီးအကဲ ဒေးဗစ် ကိုမာန်က ပြောကြားခဲ့သည်။
IS အဖွဲ့ဟုကျော်ကြားသည့် ယင်း အကြမ်းဖက်အဖွဲ့သည် မသမာသော နည်းလမ်း များနှင့် အခြားအကြမ်းဖက် အဖွဲ့များထက် ကြွယ်ဝနေခြင်း ဖြစ်ကြောင်း၊ ထိုအ ချက်သည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံ များ၏ ငွေကြေး စီးဆင်းမှုကို အဟန့်အတား ဖြစ်စေနိုင်သည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ကိုဟန်က ထပ်လောင်း ပြောကြားခဲ့သည်။


No comments:
Post a Comment