Thursday, October 30, 2014

လက်မပါတဲ့ ကမ္ဘာ့ ပထမဆုံး ပိုင်းလော့ Jessica Cox

Jessica Cox လို့ အမည်ရတဲ့ အသက် ၃၁ နှစ် အရွယ် အမျိုးသမီးဟာ မွေးရာပါ အားနည်းချက်ကြောင့် လက်နှစ်ဖက် ပါမလာ ပါဘူး။ ဒါပေမယ့် သူမမှာ ပါလာတဲ့ ပါရမီကတော့ အံ့မခန်းပါပဲ။ ယနေ့ ကမ္ဘာမှာ ပထမဦးဆုံး လက်မပါတဲ့ လေယာဉ်မှူး အဖြစ် စံချိန်တင်ထားပါတယ်။

Jessica Cox ဟာ အမေရိကန်နိုင်ငံသူ ဖြစ်ပြီး သက္ကရာဇ် ၂၀၀၈ ခုနှစ်က တစ်ကိုယ်မောင်း အားကစားလေယာဉ် ရဲ့ လေယာဉ်မောင်း လိုင်စင်ကို ရရှိခဲ့ ပါတယ်။ ယင်း လိုင်စင်ကို ရရှိပြီးတဲ့အပြင် သူမမှာ တိုက်ကွန်ဒို အားကစား ခါးပတ်နက် အဆင့် ဆုတံဆိပ်လည်း ရရှိထားပါတယ်။ အမေရိကန် တိုက်ကွန်ဒို အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ခြေထောက်နဲ့ စာရေးနိုင်ပါတယ်။ ကွန်ပြူတာ လက်ရိုက်နိုင်ပါတယ်။ မျက်ကပ်မှန် အဖြုတ်အတပ်လုပ်နိုင်ပါတယ်။ ဒါ့အပြင် သူမဟာ လိုင်စင်ရ ရေငုပ် သမား တစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ အရီဇိုးနား တက္ကသိုလ်မှာ စိတ်ပညာနဲ့ ဘွဲ့ရပြီး ကမ္ဘာကျော် motivational speaker တစ်ဦး ဖြစ်လာ ပါတယ်။ သူမဟာ နိုင်ငံပေါင်း ၂၀ ကျော် မကကို သွားရောက် ပြီးပါပြီ။ သူမ အကြောင်းကို ရိုက်ကူးတဲ့ ရုပ်ရှင် ကို Cox လို့အမည်ပေးထားပြီး ရိုက်ကူးနေဆဲ ပါပဲ။ လက်ရှိမှာ လူမှုကူညီရေး အသင်း အချို့ကိုလည်း ဦးဆောင်လုပ်နေ ပါတယ်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment