Thursday, October 16, 2014

မြန်မာပြည်မှာလည်း ရနိုင်ပြီ ဖြစ်တဲ့ Mazda3 ကားများ




Mazda3 လို့အမည်ရတဲ့ ကားကို ၂၀၀၃ ခုနှစ်ကတည်းက ထုတ်လုပ် ရောင်းချပြီး ယခု ပုံမှာ မြင်တွေ့နေရတာ ကတော့ တတိယ မျိုးဆက် Mazda3 ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ ၃၄၉၉၉ ရှိပြီး ဆလွန်းနဲ့ နောက်ဖုံးကား နှစ်မျိုးစလုံး ဈေးအတူတူ ဖြင့် ရရှိ နိုင်မှာ ဖြစ်ပါတယ်။

Mazda ဟာ မြန်မာပြည်ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် Mazda3 ကို အဓိက ထားလို့ ဈေးကွက်ချဲ့ထွင်လျက် ရှိပါတယ်။ ယင်းဟာ နိုင်ငံတကာ မှာလည်း ရောင်းအား အသင့်တင့်နဲ့ အောင်မြင်နေတဲ့ မိသားစု နဲ့ တစ်ကိုယ်ရေသုံး ကား ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၂၁၀၀ စီစီ ဝန်းကျင်နဲ့ ၁၅၀၀ စီစီ ဆိုပြီးတော့ အရွယ်အစား နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဓာတ်ဆီ၊ ဒီဇယ် နှစ်မျိုး ရရှိနိုင်ပြီး ဓာတ်ဆီမှာဆိုရင် ဆီစားနှုန်းက တစ်ဂါလံကို မြို့ထဲ မိုင် ၃၀ ခရီး မောင်းနှင် နိုင်ပါတယ်။ ဟိုင်းဝေး လမ်းမှာ ဆိုရင် ၄၁မိုင် မောင်းနှင် နိုင်ပြီး မြင်းကောင်ရေအား ထုတ်လုပ်မှုက ၁၈၀ ကျော် ရှိပါတယ်။

အရင်က ထုတ်ခဲ့ဖူးတဲ့ Mazda3 နဲ့ ယခု ၂၀၁၄ မော်ဒယ် ဘာကွာသလဲ ဆိုရင် အဓိကက SkyActiv technology ဖြစ်ပါတယ်။ အင်ဂျင်စွမ်းဆောင်ရည် ကို မြင့်ထားပြီး လောင်စာဆီစား သက်သာခြင်း၊ အခိုးငွေ့အထွက်နည်းခြင်း အပြင် ကားရဲ့ ဘော်ဒီ ဒီဇိုင်းတို့က အစ ပြောင်းလဲထားခြင်း ဖြစ်ပါတယ်။ အရောင်ကတော့ အနီရောင်၊ ငွေရောင်၊ အနက်ရောင်၊ အဖြူရောင် အပြင် အခြားသော အရောင်များလည်း ဝင်ပါသေးတယ်။ ဂီယာ ၆ ချက်ထိုး ကား ဖြစ်ပြီး ကားမှာ ပါဝင်တဲ့ SkyaActiv နည်းပညာကို အသားပေး ဖော်ပြတဲ့ Commercial TV ကြော်ငြာကို http://youtu.be/A8OLEjUO9c4 မှာ ပြသထားပါတယ်။ သူက ကားမှာ လိုက်ပါသူများရဲက လုံခြုံရေးနဲ့ လမ်းပေါ်မှာ သွားလာနေသူ များရဲက အသက်အန္တရာယ်ကိုလည်း မဖြစ်စေအောင် အလိုအလျောက် ထိန်းသိမ်း ပေးတဲ့ နည်းပညာပါ ပါဝင်ခြင်း ဖြစ်ပါတယ်။ ဥပမာ သတ်မှတ်ထားတဲ့ ကီလိုမီတာ အဝေးတစ်ခုမှာ လူသွားလာနေမှုကို အာရုံထောက်နိုင်တဲ့ Sensor ပါဝင်ပြီး လူက ဘရိတ်မအုပ်မိရင်တောင် သူ့အလိုအလျောက် ရပ်တာမျိုးတို့ ဖြစ်ပါတယ်။

အင်တာနက်နဲ့ ချိတ်ဆက်ပြီး ကားရဲ့ Dashboard ပေါ်က touch screen ပေါ်ကနေ Facebook Status တင်တာမျိုး၊ Check in လုပ်လို့ရတာမျိး တို့ပါ ပါဝင်ပါတယ်။ Mazda3 ကား review ကို http://www.thecarconnection.com/overview/mazda_mazda3_2014 မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment