Thursday, October 2, 2014

POND'S အလှကုန်ပစ္စည်းသစ် မိတ်ဆက်ဟုဆိုကာ လိုက်လံလိမ်လည်ရောင်းချနေ

POND'S အလှကုန် ပစ္စည်းသစ်မိတ် ဆက် ကိုယ်စားလှယ်ရှာ သည်ဟု ဆိုကာ ဈေးနှုန်း ကြီးမြင့်စွာဖြင့် ရပ်ကွက်များ အတွင်းရှိ အလှကုန် ပစ္စည်း အရောင်း ဆိုင်များတွင် လိမ်လည် ရောင်းချ နေကြောင်း ၀ယ်ယူ မိသူများက News Watch ဂျာနယ်သို့ ပြောသည်။

အဆိုပါ ကုန်ပစ္စည်းများကို တာမွေ၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မ ရမ်းကုန်းမြို့နယ်များတွင် ငွေကြေး သိန်းဂဏန်းနှင့် ချီ၍ လိမ်လည် ရောင်းချနေခြင်း ဖြစ်ကြောင်း လိမ်လည်ခံခဲ့ရသည့် ကာယကံရှင်များက ပြောသည်။

“POND'S ကုမ္ဗဏီက ပရိုမိုးရှင်း လေးနှစ်တကြိမ်လုပ်လေ့ရှိတယ်။ အခု ကုန် ပစ္စည်းသစ်မိတ်ဆက်ကိုယ်စားလှယ်ရှာတာ ပါလို့ပြောပြီး တမျိုး၊ တဒါဇင်နဲ့ ၆ ဒါဇင် ယူရင် ဆိုင်းဘုတ်လုပ်ပေးမယ်၊ ၀ယ်ထားတဲ့ ပိုက်ဆံကို ၁၂ ရက်အတွင်း ပြန်ပေး မယ်ပြောတယ်၊ နောက်ပစ္စည်းယူပြီးမှ ပိုက်ဆံပေး ပုံစံ၊ ပါကင်ကို ဖောက်စစ်တဲ့အခါမှ ကုန်ပစ္စည်းတွေက အကုန်လုံးဈေးကွက်ထဲမှာ ရှိပြီးသား တန်ဖိုးနည်းပစ္စည်းတွေဖြစ် နေတယ်၊ Fair and Lovely တွေပါတယ်၊ ကိုရီးယားတံဆိပ်၊ ယိုးဒယားတံဆိပ်နဲ့ တန်ဖိုးနည်း အလှကုန်တွေချည်းပဲဖြစ်နေတယ်၊ ဘောက်ချာထဲမှာ သူတို့ထည့်ထားတဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကလည်း အမှားတွေနဲ့ လုံးဝဆက်ပိတ်ထားတဲ့ ဖုန်းတွေဖြစ်နေတယ်”ဟု အဆိုပါ အလှကုန် သုံးသိန်းသုံးသောင်းဖိုးဝယ်ယူခဲ့သူ တောင်ဒဂုံမှ မသူသူအောင်က ဆိုသည်။

ဆက်လက်၍ သာကေတမြို့နယ်မှ ကျပ်နှစ်သိန်းကျော်ဖိုးရှိ အလှကုန်များ ၀ယ်ယူခဲ့သည့် အလှကုန်ပစ္စည်းဆိုင်တဆိုင်ကလည်း အဆိုပါဖြစ်စဉ်များနှင့်စပ်လျဉ်း၍ POND’S Co.Ltd ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာ ကုမ္ပဏီမှ သိရှိခဲ့ခြင်းမရှိကြောင်းနှင့် ယင်းကဲ့သို့ အစီအစဉ်များ ကုမ္ဗဏီမှ ပြုလုပ်ခြင်းမရှိဟု ပြန်လည်ဖြေကြားပေးခဲ့ကြောင်း ပြောသည်။

ယင်းကဲ့သို့ ကုန်ပစ္စည်းများ လိုက်လံရောင်းချရာတွင် ကုမ္ဗဏီအမှတ်တံဆိပ်ပါ ဗီနိုင်းဆိုင်းဘုတ်ကို မားကတ်တင်းကား ပေါ်တွင် ချိတ်ဆွဲ၍ လူသုံးဦးက ယူနီဖောင်းဝတ်ကာ လိုက်လံလိမ်လည်နေခြင်းဖြစ်ကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment