ဒဏ်ရာ ရနေတဲ့ အသက် ၂၇ နှစ်အရွယ် ကစားသမားကို ဆေးရုံတင်ပြီး ဆေးရုံ ရောက်ချိန်မှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။
Senzo Meyiwa အပါအဝင် နေအိမ်အတွင်းမှာ လူ ခုနှစ်ယောက်ရှိခဲ့ပြီး အဲဒီမှာ သံသယ ဖြစ်ဖွယ်ရာ လူ နှစ်ယောက် ဝင်လာပြီး နောက်တစ်ယောက်ကတော့ အပြင်မှာ စောင့်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် လူ သုံးဦး ထွက်ပြေးသွားတယ်လို့ ရဲက ပြောပါတယ်။
ဒီဘောလုံးသမား သေဆုံးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လက်သည် တရားခံကို ဖမ်းဆီးနိုင်အောင် ရဲတွေအနေနဲ့ အတတ်နိုင်ဆုံး လုပ်မယ်လို့လည်း ပြောလိုက်ပါတယ်။
Senzo Meyiwa ဟာ တောင်အာဖရိကနိုင်ငံမှာ အအောင်မြင်ဆုံး ဖြစ်နေတဲ့ Orlando Pirates ဘောလုံးကလပ် အသင်းရဲ့ ကစားသမား ဖြစ်ပါတယ်။
တောင်အာဖရိကအတွက် တစ်ပါတ်အတွင်းမှာပဲ အားကစား သမား နှစ်ဦး ဆုံးရှုံးရတာပါ။
ပြီးခဲ့တဲ့ သောကြာနေ့ တုန်းကလည်း မီတာ ၈၀၀ အပြေးချန်ပီယံဟောင်း Mbulaeni Mulaudzi ဟာ ကားမတော်တဆ ဖြစ်ရာက သေဆုံးသွားခဲ့ပါတယ်။
![]() |
| တောင်အာဖရိက ဘောလုံး အသင်းခေါင်းဆောင်လည်းဖြစ် ဂိုးသမားလည်း ဖြစ်သူ Senzo Meyiwa |

No comments:
Post a Comment