Monday, November 3, 2014

Albu Nimr လူမျိုး ၃၀၀ ကျော်ကို IS တွေ သတ်ဖြတ်

3 November 2014 09:31(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
အီရတ်နိုင်ငံ ​အနောက်ပိုင်းမှာ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေက ​Albu ​Nimr ​လို့ခေါ်တဲ့ ​လူမျိုးစုဝင် ​အယောက် ​၃၀၀ ​ကို ​သတ်ပစ်လိုက်တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

အီရတ်နိုင်ငံ ​လူ့အခွင့်အရေး ​ဝန်ကြီးဌာနရဲ့ ​အဆိုအရ ​အစွန်းရောက်သမားတွေက ​Albu ​Nimr ​လူမျိုး ​အယောက်ပေါင်း ​၃၂၂ ​ယောက်လောက်ကို ​သတ်ပစ်ခဲ့တယ်လို့ ​ဆိုပါတယ်။

အမျိုးသမီးနဲ့ ​ကလေးငယ်တွေရဲ့ ​အလောင်းပေါင်း ​၅၀ ​ကို ​လည်း ​ရေတွင်း ​တစ်တွင်း ​ထဲမှာ ​တွေ့ခဲ့ ​ရပါတယ်။

အဲဒီ ​လူမျိုးစုရဲ့ ​ခေါင်းဆောင်ကတော့ ​အီရတ် ​ဗဟိုအစိုးရကို ​ကူညီဖို့ ​မကြာခဏ ​အကူအညီတောင်းထားပေမယ့် ​လစ်လျူရှုခံနေရပြီး ​အမေရိကန်က ​ဦးဆောင်တဲ့ ​မဟာမိတ်တပ်တွေ ​ဝေဟင်ကနေ ​ပစ်ချပေးတဲ့ ​အကူအညီတစ်ကြိမ်သာ ​ရရှိတယ်လို့ ​ပြောပါတယ်။

ဒါ့အပြင် ​Anbar ​ပြည်နယ်က ​တခြားဒေသမှာလည်း ​Albu ​Nimr ​လူမျိုးစုတွေ ​အသတ်ခံနေရတယ်လို့ ​ပြောပါတယ်။ ​Anbar ​ပြည်နယ်ကိုလည်း ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​တဖြေးဖြေး ​သိမ်းပိုက်မှုတွေ ​လုပ်နေပြီလို့ ​အေဘီစီ ​သတင်းထောက် ​Matt ​Brown ​က ​သတင်းပေးပို့ထားပါတယ်။

အီရတ်မှာ ​လူမျိုးရေး ​၊ ​ဘာသာရေး ​ပဋိပက္ခ ​ပိုဖြစ်နေ

သီးသန့် ​ဖြစ်ရပ်မှာတော့ ​အီရတ်နိုင်ငံမှာ ​ရှီရိုက် ​မွတ်စလင်တွေရဲ့ ​ဘာသာရေး ​ပွဲတော်ကာလအတွင်း ​ဆူနီမွတ်စလင်တွေရဲ့ ​တိုက်ခိုက်မှုတွေ ​ကြုံရတဲ့အတွက် ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခတွေ ​ကြုံနေရပါတယ်။

မနေ့တုန်းကပဲ ​ဘက်ခ်ဒက်မြို့မှာ ​ရှီရိုက် ​မွတ်စလင်တွေ ​ဝတ်ပြုနေချိန်မှာပဲ ​ကားဗုံးတစ်လုံး ​ပေါက်ကွဲခဲ့ရာက ​အနည်းဆုံး ​ရှီရိုက်ဘုရားဖူး ​၁၂ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

တခြားနေရာတစ်ခုမှာလည်း ​တိုက်ခိုက်မှု ​ဖြစ်ခဲ့ရာက ​အနည်းဆုံး ​သုံးဦးသေဆုံးခဲ့ရပြီး ​အခြေအနေက ​ဒီထက်ဆိုးဝါးနိုင်တယ်လို့ ​အာဏာပိုင်တွေက ​ပြောပါတယ်။

IS ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေက ​ဆူနီမွတ်စလင်တွေ ​ဖြစ်ကြပြီး ​ရှီရိုက်တွေဟာ ​သတ်ပစ်စရာ ​ကောင်းတဲ့လူတွေ ​ဖြစ်တယ်လို့ ​ယုံကြည်ကြသူတွေ ​ဖြစ်ပါတယ်။

ဒီတစ်ပတ်အတွင်း ​ရှီရိုက်တွေက ​Ashura ​လို့ခေါ်တဲ့ ​ဘာသာရေးပွဲတော်ကို ​ကျင်းပတာ ​ဖြစ်ပြီး ​ဒီဘာသာရေးပွဲက ​ရှီရိုက်နဲ့ ​ဆူနီ ​မွတ်စလင်တွေအကြား ​မတူညီမှုကို ​ဖော်ပြတဲ့ပွဲလည်း ​ဖြစ်ပါတယ်။

ဒီရာသီအတွင်း ​အဓိက ​ဘုရားကျောင်းကန်တွေမှာ ​လုံခြုံရေး ​တိုးမြှင့်ထားတဲ့ကြားက ​အကြမ်းဖက်မှုတွေ ​ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​လတုန်းကပဲ ​အီရတ်နိုင်ငံမှာ ​ဖြစ်ပေါ်ခဲ့တဲ့ ​အကြမ်းဖက်မှုတွေကြောင့် ​ပြည်သူပေါင်း ​၈၅၀ ​ကျော် ​သေဆုံးခဲ့ရပြီး ​အီရတ်လုံခြုံရေးတပ်သား ​အယောက် ​၄၀၀ ​ကျော် ​သေဆုံးရပြီလို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။ ​ဒါတောင် ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​သိမ်းပိုက်ထားတဲ့ ​ဒေသက ​သေဆုံးမှုတွေ ​မပါသေးဘူးလို့ ​သိရပါတယ်။



Anbar ပြည်နယ်ခေါင်းဆောင် Kadhem Mohammed al-Fahdawi က အစိုးရကို ထောက်ခံသူ လက်နက်ကိုင်တွေနဲ့ စကားပြောဆိုစဉ် (


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment