အရင်တစ်ပါတ်တုန်းက ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို မြန်မာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာက ဗိုလ်လောင်းအယောက် ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။
အဲဒီနောက် ကေအိုင်အေတပ်နဲ့ မြန်မာ စစ်တပ်အကြား ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြည်သူတွေနေထိုင်ရာ ဒေသအထိ လက်နက်တွေ ကျရောက်နေတဲ့အတွက် ကုလသမဂ္ဂက စိုးရိမ်မကင်း ဖြစ်နေရတာပါ။
စစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေရဲ့ စခန်းတွေနဲ့ ကျေးရွာတွေအထိ လက်နက်ကြီးတွေကျရောက်တဲ့အတွက်
ပြည်သူတွေကို အကာအကွယ်ပေးကြဖို့လည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ကတော့ ဗိုလ်သင်တန်းကျောင်းကို တမင်တကာ ပစ်ခတ်တာမဟုတ်ပဲ သတိပေးနဲ့ အနေနဲ့ ပစ်ခတ်ခြင်းသာ ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ်ဖို့ မြန်မာ စစ်တပ်က ကေအိုင်အေတပ်ကို ကမ်းလှမ်းထားပါတယ်။
ကေအိုင်အေဘက်ကတော့ ဒီလုပ်ရပ်ကြောင့် မြန်မာနိုင်ငံ တဝှမ်းလုံးမှာ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပေါ်နိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။
![]() |
ကချင်စစ်သားများ |
No comments:
Post a Comment