Thursday, November 27, 2014

ဆယ်ကျော်သက် ၇၈ ဦးကို အီဂျစ်ထောင်ချ

27 November 2014 08:51(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
အီဂျစ်နိုင်ငံမှာ ​သမ္မတဟောင်း ​မိုဟာမင် ​မော်ဆီကို ​ရာထူးပြန်ပေးတာကို ​လိုလားလို့ ​ဆန္ဒ ​ထုတ်ဖော် ခဲ့ကြသူ ​ဆယ်ကျော်သက်အရွယ် ​၇၈ ​ယောက်ကို ​အီဂျစ်တရားရုံးက ​ထောင်ဒဏ် ​၂ ​နှစ်ကနေ ​၅ ​နှစ်စီ ​ချမှတ်လိုက်ပါတယ်။

သမ္မတဟောင်း ​မိုဟာမက် ​မော်ဆီကိုယ်တိုင် ​ရာထူးကနေ ​ဖယ်ရှားခံရပြီး ​အရင်နှစ်ကတည်းက ​ထိန်းသိမ်းခံနေရတာ ​ဖြစ်ပါတယ်။

သမ္မတဟောင်းကို ​ထောက်ခံသူတွေကိုပါ ​အီဂျစ်အစိုးရက ​ဖမ်းဆီး ​အရေးယူမှုတွေ ​ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

နောက်ဆုံးဖြစ်ရပ်မှာတော့ ​အသက် ​၁၃ ​နှစ်ကနေ ​၁၇ ​နှစ်ကြားမှာ ​ရှိတဲ့ ​လူငယ် ​၇၈ ​ယောက်ကို ​Mediterranean ​မြို့ ​တရားရုံးက ​ထောင်ဒဏ်ချမှတ်လိုက်တာ ​ဖြစ်ပါတယ်။

အဲဒီ ​လူငယ်တွေဟာ ​တရားမဝင်တော့တဲ့ ​မွတ်စလင် ​ညီအစ်ကိုများ ​ပါတီနဲ့ ​ပူးပေါင်းပြီး ​လွန်ခဲ့တဲ့ ​သုံးလက ​ဆန္ဒပြမှု ​ပြုလုပ်တဲ့အတွက် ​ထောင်ဒဏ်ချမှတ် ​ခံရတာပါ။

မွတ်စလင်ညီအစ်ကိုများပါတီကို ​အီဂျစ် ​အစိုးရက ​ဒီဇင်ဘာလကစပြီး ​တရားမဝင် ​အသင်း၊ ​အကြမ်းဖက်အသင်းအဖြစ် ​ကြေညာခဲ့ပြီး ​ပါတီဝင် ​ထောင်နဲ့ချီကို ​ဖမ်းဆီး ​ထောင်ချခဲ့ပါတယ်။

သမ္မတဟောင်း ​မိုဟာမက် ​မော်ဆီကို ​ထောက်ခံသူ ​အယောက်ပေါင်း ​၁၄၀၀ ​လောက် ​သေဆုံးခဲ့ရပြီး ​လူပေါင်း ​၁၅၀၀၀ ​လောက် ​ဖမ်းဆီး ​ထောင်ချခံနေရပါတယ်။

တချို့ဖမ်းဆီးခံရသူတွေကို ​သေမိန့်ချမှတ်လိုက်ပြီး ​သမ္မတဟောင်း ​မော်ဆီအပြင် ​တခြားလူတွေကလည်း ​တရားရင်ဆိုင်နေရဆဲ ​ဖြစ်ပါတယ်။

သူတို့ကို ​အပြစ်ရှိကြောင်း ​တွေ့ရှိမယ်ဆိုရင်လည်း ​သေဒဏ်ချမှတ်နိုင်ပါတယ်။

မွတ်စလင်ညီအစ်ကိုများ ​ပါတီဝင်တွေကို ​အစုလိုက် ​အပြုံလိုက် ​ဖမ်းဆီးအရေးယူတာတွေနဲ့ ​ပတ်သက်ပြီး ​ကုလသမဂ္ဂက ​လက်ရှိ ​အီဂျစ်အစိုးရကို ​ဝေဖန်ထားပါတယ်။

သမ္မတဟောင်း မိုဟာမက်မော်ဆီကို ထောက်ခံဆန္ဒပြသူများ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment