Monday, November 3, 2014

အမှုရင်ဆိုင်နေချိန် စပါးဝင်ရိတ်သည့် လယ်သမားမိသားစု ထောင်ကျ

3 November 2014 17:41(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် ကျွန်းကြီးကျေးရွာမှာ မိမိလယ်က စပါးကို ၀င်ရိတ်သိမ်းကြတဲ့  အသက် ၇၀ ကျော် အဖိုးအဘွားအပါဝင် မိသားစု ၅ ဦးဟာ ခိုးမှုနဲ့ တရားရင်ဆိုင်ရပြီး တရားရုံးက အလုပ်ကြမ်းနဲ့  ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။

ကျွန်းကြီးကျေးရွာနေ အသက် ၇၀ ကျော်အရွယ်  ဦးဘကောက်၊ ဒေါ်ရီတို့နဲ့ သူ့ရဲ့ သားသမီးတွေကို မော်ကျွန်းမြို့နယ်တရားရုံးက ပိုင်နက်ကျူးကျာ်မှုနဲ့ အကျိုးပျက်စီးမှုပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ သူတို့တတွေဟာ အဲဒီလယ်ကို ပေါင်နှံထားလို့ ဖြစ်နေတဲ့အမှုကို   အမှုရင်ဆိုင်နေချိန်မှာ သူတို့လယ်က စပါးကို ၀င်ရိတ်ကြတဲ့အတွက် ခိုးမှုနဲ့ တရားထပ်စွဲရပြီး အောက်တို ဘာလ ၂၈ ရက်နေ့က သူတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်တာဖြစ်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ အသက် ၇၀ အရွယ် ဘိုးဦးဘကောက် အဖွားဒေါ်ရီ၊ ဦးဗန်ကူး၊ ဒေါ်လှလှနိုင်နဲ့ မြေးမလေး မကျော်ခိုင်တို့ဖြစ်ပါတယ်။

မော်ကျွန်းရဲစခန်းက တာဝန်ကျရဲအရာရှိဦးက “ကျနော်တို့ သတင်းကြားတာကတော့ လယ်ယာမြေအမှုမှာ ၄၄၇/၄၂၇ ဆိုတာကတော့ ကျူးကျော်မှုတွေ ဖြစ်တာပေါ့နော်။ ကျူးကျော်မှုတွေ ဖြစ်ပြီးတဲ့နောက် စပါးတွေကို သူတို့က ထပ်ပြီးတော့ ရိတ်တယ်ပေါ့။  အမှုတွေ ဖြစ်နေတဲ့ ကာလအတွင်းမှာ စပါးတွေ ထပ်ရိတ်တော့ သူများရဲ့စပါးကို ယူဆောင်မှု၊ ခိုးမှုနဲ့ ထောင်ချလိုက်တာပါ။”

စီရင်ချက်ချပြီးနောက် သူတို့မိသားစုကို  မြောင်းမြထောင်ဆီ ပို့လိုက်ပြီးလို့လည်း မော်ကျွန်းရဲစခန်းက ပြောပါတယ်။

သူတို့ရဲ့ အမှုဖြစ်ပွားပုံကတော့ ပြီးခဲ့တဲ့ ၃ နှစ်လောက်က သူတို့မိသားစု ငွေကြေး အခက်အခဲကြောင့် တရွားတည်းနေ ဦးငြိမ်းအေ ဆီကနေ လယ်ပြန်ငွေပြန်နဲ့ ငွေချေးယူခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နှစ်ဖက် လယ်ယာမြေပြသနာဖြစ်ပွားခဲ့ပြီး ဦးအေးငြိမ်းကနေ တရားလိုလုပ်ပြီး တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ဒီမိသားစုဟာ  ပိုင်နက်ကျူုးကျော်မှုနဲ့ အကျိုးပျက်စီးမှု ပုဒ်မတွေနဲ့ တရားဆက်လက်ရင်ဆိုင် ကြရဦးမှာဖြစ်ပါတယ်။

မိသားစုဝင်တွေ ထောင်ချမှတ်ခံရတဲ့အတွက် အသက် ၈ နှစ်နဲ့  ၁၀ နှစ်အရွယ် ကလေးတွေကိုတော့ တောင်သူလယ်သမားအရေး ကူညီပေးသူတွေက စောင့်လျောက်ထား တယ်လို့ လည်း သိရပါတယ်။

ဒီအမှုအခင်းနဲ့ပတ်သက်လို့ ကာယကံရှင်တွေရဲ့ ဆွေမျိုးတွေနဲ့ ရှေ့နေတွေကို မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment