Saturday, November 22, 2014

သတင်းထောက်ကို ခေါင်းပွတ် နားရွက်ဆွဲသည့် ထိုင်းဝန်ကြီးချုပ်

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ သူရှေ့မှာ ထိုင်ပြီး သတင်းရယူနေတဲ့ သတင်းထောက် ခေါင်းကိုပွတ် နားရွက်ဆွဲလုပ်ဆောင်နေတဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
thai
နိုဝင်ဘာ ၁၉ ရက်နေ့ ခွန်ခေါင်မှာ သတင်းထောက်တွေနဲ့ စကားပြောဆိုနေစဉ် ရိုက်ကွင်း ရှင်းအောင် သူ့ရှေ့မှာ ထိုင်ပြီး သတင်းရယူနေတဲ့ သတင်းထောက်ကို အခုလို လုပ်ဆောင်ခဲ့တာကို ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ် သတင်းထောက်က လူမှုရေးကွန်ရက်မှာ တင်လိုက်တာ ဖြစ်ပါတယ်။
အစိုးရပြောခွင့်ရကတော့ သူနဲ့ ရင်းနှီးတဲ့ သတင်းထောက်တွေကို စတာဖြစ်တယ်လို့ တုံ့ပြန်ပြောပါတယ်။
ထိုင်းမှာလည်း ဦးခေါင်းကို တန်ဖိုးထားပြီး လူစိမ်းတွေအနေနဲ့ မထိသင့်ဘူးဆိုတဲ့ ဓလေ့ယူဆချက် ရှိနေပါတယ်။
ဒီနေ့မှာပဲ ခရောင်ကန် တက္ကသိုလ်ကျောင်းသား ၅ ဦးက အာဏာသိမ်းတာ အလိုမရှိဆိုပြီး သူ့ မိန့်ခွန်းပြောနေစဉ်မှာ ဆန္ဒပြခဲ့ပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment