Sunday, November 2, 2014

ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်ကိုယ်ပိုင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

2 November 2014 03:50(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
ရန်ကုန် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၆)ရပ်ကွက်နှင့်အမှတ် (၃)ရပ်ကွက်အကြား မင်းဓမ္မလမ်းမ ပေါ်၌ အောက်တိုဘာ ၃ဝ ရက် ည ၇ နာရီကျော်ခန့်က ယာဉ်တစ်စီးမီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ(7D/----) မာစီးဒီး ဆလွန်း (Micko Bus) ခဲရောင်ကိုယ် ပိုင်မော်တော်ယာဉ်သည် မင်းဓမ္မလမ်း အတိုင်း မြောက်မှတောင်သို့ မောင်း နှင်လာစဉ် မင်းဓမ္မလမ်း မီးပွိုင့်အလွန် အမျိုးသား ပြန်လည်သန်စွမ်းရေး ဆေးရုံရှေ့ စိတ္တသုခပျိုးဥယျာဉ်အနီး ယာဉ်စက်ချွတ်ယွင်းမှုကြောင့် ရပ်တန့် သွားကာ ည ၇ နာရီ ၁၅ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့သည်။

မီးလောင်စဉ် ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးလှထွေး၏ ဆက်သွယ်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင် နိုင်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်ငါးဦး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီးတို့ရောက်ရှိ ငြှိမ်းသတ်ရာ ည ၇ နာရီခွဲတွင် မီး ငြိမ်းသွားခဲ့သည်။

စစ်ဆေးမှုပြုလုပ်ရာ၌ ဝါယာရှော့ ဖြစ်လောင်ကျွမ်းခဲ့ကြောင်းနှင့် ယာဉ် မောင်းသူ(စုံစမ်းဆဲ)အားဘုရင့်နောင် ရဲတပ်ဖွဲ့စခန်း ဒု-ရဲအုပ် ချမ်းကိုက ပ/၄၉၈/၂ဝ၁၄၊ ပုဒ်မ ၂၈၅ မီး ပေါ့ဆမှုနှင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment