Tuesday, November 25, 2014

စည်ပင်ရွေးကောက်ပွဲ ပယ်ချခံရသူတွေထဲက နှစ်ဦးကို ပြန်ယှဉ်ပြိုင်ခွင့်ပြု

25 November 2014 16:38(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပယ်ချခံထားရသူ ၇ ဦးထဲက ဦးဝင်းချိုနဲ့ ဦးမောင်မောင်ထွန်း တို့ကို ယှဉ်ပြိုင်ခွင့်ပြု လိုက်ကြောင်း မြို့တော်ကော်မရှင်က ဒီနေ့ ကြေညာလိုက်ပါတယ်။

အဲဒီကိုယ်စားလှယ်လောင်းနှစ်ဦးက လျှောက်လွှာစတင်ခဲ့စဉ်က ကိုယ်ရေးအချက်အလက် မပြည့်စုံတဲ့အတွက် နားလည်မှုလွဲမှားခဲ့ပြီး ပယ်ချခဲ့တာလို့ မြို့တော်ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောပါတယ်။

စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့သူ ၃၀၅ ဦးထဲက ၇ ဦးကို သတ်မှတ်အရည်အချင်းနဲ့မညီလို့ဆိုပြီး မြို့တော်ကော်မရှင်က ပယ်ချခဲ့တာဖြစ်ပါတယ်။

ပယ်ချခံရသူတွေဟာ ဒီလကုန်အထိ အယူခံဝင်နိုင်ပြီး အယူခံဝင်သူတွေကို ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြန်လည်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၂၉၁ ဦး ၀င်ရောက်ရွေးကောက်ခံမှာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment