Monday, November 3, 2014

အဝလွန်သူကို အခမဲ့ ခွဲစိတ်ပေးဖို့ ဆရာဝန်တွေ တောင်းဆို

3 November 2014 09:29(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
သြစတြေးလျနိုင်ငံက ​နာမည်ကြီး ​ခွဲစိတ်ရေး ​ဆရာဝန်နှစ်ဦးက ​အဝလွန်သူတွေ ​ပိန်သွားအောင် ​ခွဲစိတ်ကုသတဲ့ ​စရိတ်ကို ​အစိုးရက ​ကျခံပေးသင့်တယ်လို့ ​ပြောလိုက်ပါတယ်။

ပါမောက္ခ ​Michael ​Edye ​နဲ့ ​ဒေါက်တာ ​Michael ​Talbot ​တို့က ​အဝလွန်နေသူတွေကို ​ခွဲစိတ်ပေးလိုက်တာက ​ရေရှည်မှာ ​အစိုးရအတွက် ​ပိုအကုန်အကျ ​သက်သာစေတယ်လို့ ​ဂျာနယ်တစ်ခုမှာ ​ရေးသား ​ဖော်ပြထားပါတယ်။

အဝလွန်သူတွေဟာ ​အဝလွန်ရောဂါသာမက ​ဝခြင်းနဲ့ ​ဆက်စပ်တဲ့ ​တခြားရောဂါတွေပါ ​ခံစားရလေ့ရှိတဲ့အတွက် ​ရေရှည်မှာ ​အစိုးရအတွက် ​အကုန်အကျ ​များတယ်လို့ ​ထောက်ပြပါတယ်။

ဒါကြောင့် ​အဝလွန်သူတွေကို ​ပိန်သွားအောင် ​ခွဲစိတ်လိုက်မယ်ဆိုရင် ​ခွဲစိတ်စရိတ်သာ ​ကုန်ပြီး ​ရေရှည်မှာတော့ ​အစိုးရအတွက် ​ကုန်ကျစရိတ် ​သက်သာစေနိုင်တယ်လို့ ​ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ​ရောဂါမှန်သမျှအတွက် ​ဆေးဝါးကုသခွင့် ​မခမဲ့ ​ပြုလုပ်ထားပေးပေမယ့် ​အဝလွန်သူတွေ ​ခွဲစိတ်ကုသမှု ​ခံယူတာတွေနဲ့ ​သွားပြုပြင်ရေးတွေကိုတော့ ​အလှအပအတွက်လို့ ​မြင်တဲ့အတွက် ​သွားနဲ့ ​အဝလွန်ခွဲစိတ်မှုတွေကိုတော့ ​အခမဲ့ ​လုပ်ဆောင်ပေးခြင်း ​မရှိပါဘူး။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment